Connect with us

Hi, what are you looking for?

သတင်း

ထိုင်း ၁ ဘတ် ၁၁၅ ကျပ်အထိဖြစ်လာ

စစ်ကောင်စီဟာ ထိုင်းဘတ်ဈေးတက်တာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက. မြဝတီ နယ်စပ် မှာရှိတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

ဒီနေ့ပြင်ပဈေးကွက်မှာ ကျပ်ငွေ နဲ့ ထိုင်းဘတ်ငွေလဲလှယ်နှုန်းဟာ ၁ ဘတ်ကို ၁၁၅ ကျပ်အထိ ဖြစ်လာပါတယ်။

ဒေါ်လာဈေးနဲ့အပြိုင်ဆိုသလိုပဲ ထိုင်းဘတ်ငွေဈေးဟာလည်း တက်လာတာပါ။

အာဏာမသိမ်းခင်က ထိုင်း ၁ ဘတ်ကို ၄၅ ကျပ်ဝန်းကျင်သာရှိခဲ့သာဖြစ်ပြီး စစ်တပ်အာဏာလုပြီး ၁၈ လကျော်အကြာမှာ ကျပ်ငွေ တန်ဖိုးဟာ ထိုးစိုက်သွားပြီး တဘတ်ကို ၁၀၀ ကျပ်ကျော်ထိ ဖြစ်သွားတာပါ။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံဆီကနေ လူသုံးကုန်ပစ္စည်းတွေဝယ်ယူတင်သွင်းရတဲ့အတွက် အခုလို ကျပ်ငွေ တန်းဖိုးကျပြီး ထိုင်းဘတ်ဈေးတက်နေချိန်မှာ ထိုင်းထုတ်ပစ္စည်းတွေ ဈေးထပ်မံမြင့်တက်နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ထိုင်းဘတ်ဈေးတက်တာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက. မြဝတီ နယ်စပ် မှာရှိတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းမှု ပိုမို မြင့်တက်လာနေပြီး စီးပွားရေး လုပ်ငန်းကြီး တချို့ပါ အရှုံးပေါ်လို့ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နာမည်ခံ စီးပွားရေး လုပ်ငန်းတွေ ဟန်ပြ ထူထောင်ပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။