Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်း ဖြတ်သန်းမည့်ယာဥ်များ လိုက်နာရမည့်အချက်များအား ဒေသတွင်း PDFများ ထပ်မံ သတိပေး

မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

(မုံရွာ-မန္တလေးလမ်း၊ လမ်းပိုင်းခေတ္တာပိတ်ထားစဥ်က စောင့်ဆိုင်းနေသော မော်တော်ယာဥ်များား တွေ့ရစဉ်၊ ဓာတ်ပုံ-Cj)
(မုံရွာ-မန္တလေးလမ်း၊ လမ်းပိုင်းခေတ္တာပိတ်ထားစဥ်က စောင့်ဆိုင်းနေသော မော်တော်ယာဥ်များား တွေ့ရစဉ်၊ ဓာတ်ပုံ-Cj)

စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည့်ကာလ မပြီးမဆုံးမချင်း စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြမည့် မော်တော်ယာဥ်များ လိုက်နာရမည့် အချက်များအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက ယမန်နေ့(စက်တင်ဘာ ၂ရက်) တွင် ထပ်မံသတိပေးကြေညာသည်။

မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ တော်လှန် ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိမည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ကြရန်၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အရေးပေါ်အကြောင်းပြချက်တစ်ခုခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါက မုံရွာ – မန္တ​လေးလမ်းပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြရန် သတိပေးသည်။

အဆိုပါ အသိပေးတားမြစ်ချက်များကို မလိုက်နာပါက စစ်ကောင်စီ၏ အရပ်ဝတ်ကားများ၊ စစ်ကောင်စီ အသုံးပြုနေသော လူနာတင်ယာဉ် များ၊ စစ်ကောင်စီအသုံးပြုနေသော သာသနာရေးကားများဟုသာ ယူဆပြီး ထိုကားများနှင့် ထိုကားများကိုအသုံးပြုသူများ ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက အသိပေးသည်။

မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။