Connect with us

Hi, what are you looking for?

News

ဖိနှိပ်၊တင်းကြပ်မှု​တွေကြားကထွက်လာတဲ့ ရန်ကုန်လူငယ်များရဲ့သပိတ်

အဆိုပါလူငယ်များသည် ”Accept NUG Reject Military Coup”စာတန်းကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ယ​နေ့ အကြမ်းဖက်စစ်ကောင်စီက စစ်​ဆေး၊တင်းကြပ်မှုများလုပ်​ဆောင်နေ​သော်လည်း လူငယ်များကစုပေါင်း၍ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းကို သာကေတမြို့နယ်ရှိ ရှု့ခင်းသာလမ်းမပေါ်၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါလူငယ်များသည် ”Accept NUG Reject Military Coup”စာတန်းကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို စစ်ကောင်စီအဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်နေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။