Connect with us

Hi, what are you looking for?

သတင်း

NUG၏အိမ်ယာစီမံကိန်းနှစ်ခုမှမြေကွက် ၇၀၀ကျော်​ရောင်းပြီး ၄၀ ​ကျော်သာကျန်ရှိ​တော့​ဟုရှယ်​ယာ​ရောင်းချ​ရေးအဖွဲ့ ထုတ်ပြန်

တစ်ချိန်တည်းတွင် ​ရန်ကုန်တွင်နွေဦးရိပ်မွန်နှင့်​နွေဦး​မော်ကွန်းသစ်အမည်ဖြင့်ပထမဆုံးအိမ်ယာစီမံကိန်းနှစ်ခုကို စက်တင်ဘာ ၁ရက်မှစတင်​ရောင်းချခဲ့သည်။ ​​

NUG၏အိမ်ယာစီမံကိန်းနှစ်ခုမှမြေကွက် ၇၀၀ကျော်​ရောင်းပြီး ၄၀ ​ကျော်သာကျန်ရှိ​တော့​ဟုရှယ်​ယာ​ရောင်းချ​ရေးအဖွဲ့ ထုတ်ပြန်
NUG၏အိမ်ယာစီမံကိန်းနှစ်ခုမှမြေကွက် ၇၀၀ကျော်​ရောင်းပြီး ၄၀ ​ကျော်သာကျန်ရှိ​တော့​ဟုရှယ်​ယာ​ရောင်းချ​ရေးအဖွဲ့ ထုတ်ပြန်

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ကအဆင့်မြင်အိမ်ရာစီမံကိန်း​မှမြေကွက်​ပေါင်း ၇၅၀ ကို​ရောင်းချ​နေရာ​မြေကွက် ၇၀၀ ​ကျော်​ရောင်းကုန်ပြီး​ဖြစ်၍ မြေကွက်၄၀ကျော်သာကျန်ရှိ​တော့​ကြောင်းရှယ်ယာ​ရောင်းချ​ရေးအဖွဲ့(EOD)ကထုတ်ပြန်သည်။

စစ်အာဏာရှင်ကိုအဆုံးသတ်​နိုင်ရေးအတွက် NUG က ပထမဆုံးစီမံကိန်းအဖြစ်အာဏာသိမ်း​ခေါင်း​ဆောင်သိမ်းယူထား​​သော အင်လျားလမ်းအိမ်အမှတ် ၁၄ ကို​ဒေါ်လာ ၁၀သန်းဖြင့် အစုရှယ်ယာများ​ကို​ရောင်းချခဲ့ရာ ရှယ်ယာအားလုံး​ရောင်းကုန်ခဲ့သည်။ ထို​နောက် စစ်​ခေါင်း​ဆောင်၏ရန်ကုန်ရှိအိမ်တစ်လုံးဖြစ်​သော ပြည်လမ်း ၆ မိုင်ခွဲရှိ ​နေအိမ်ကို ​ဒေါ်လာ ၇ သန်းဖြင့်သြဂုတ် ၅ ရက်မှစ၍ အစုရှယ်ယာများ​ရောင်းချ​နေသည်။

တစ်ချိန်တည်းတွင် ​ရန်ကုန်တွင်နွေဦးရိပ်မွန်နှင့်​နွေဦး​မော်ကွန်းသစ်အမည်ဖြင့်ပထမဆုံးအိမ်ယာစီမံကိန်းနှစ်ခုကို စက်တင်ဘာ ၁ရက်မှစတင်​ရောင်းချခဲ့သည်။ ​​

ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်သံသုမာလမ်း​ပေါ်ရှိ စစ်​ကောင်စီ၏ တပ်မ​တော်​လေးကျင့်​ရေးသင်တန်း​ကျောင်း​နေရာကို အိမ်ရာစီမံကိန်းအဖြစ်​မြေကွက်များ​ရောင်းချ​သောနွေဦး​မော်ကွန်းသစ်ပ​ရောဂျက်မှ ပေ ၄၀× ၆၀ရှိ​မြေကွက် ၄၀၀ ကို ​ဒေါ်လာ ၃၂၀၀၀ ဖြင့်​ရောင်းချခဲ့ရာ တစ်ရက်အတွင်းရောင်းကုန်​သွား​ကြောင်းရှယ်ယာ​ရောင်းချ​ရေးအဖွဲ့က စက်တင်ဘာ ၂ ရက်တွင်ထုတ်ပြန်သည်။ အိမ်ရာစီမံကိန်းများတွင် သတ်မှတ်တန်ဖိုး၏၄၀ ရာခိုင်နှုန်းကို သုံးလအတွင်း​ငွေ​ပေး​ခေရမည်ဖြစ်ပြီးကျန် ၆၀ ရာခိုင်နှုန်းကို​တော်လှန်​ရေးပြီးမှ ​ပေ​ချေရ​သောစနစ်ဖြင့်​ရောင်းချ​နေခြင်းဖြစ်သည်။​ဒေါ်လာ ၃၂၀၀၀ ဖြင့်​ရောင်း​သော​မြေကွက်မှာ၄၀ ရာခိုင်နှုန်းဖြစ်​သော ​ဒေါ်လာ ၁၂၈၀၀ ကိုသုံးလအတွင်းသုံးရစ်ခွဲသွင်း​ပေးရမည်ဖြစ်ပြီး ကျန်​ငွေများကို ​တော်လှန်​ရေးပြီးမှသွင်းရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

​ပေ ၄၀× ၆၀ ​မြေကွက်မှာဝယ်လိုသူများ​နေသည့်အတွက်​နွေဦး​မော်ကွန်းသစ်စီမံကိန်းမှ အကွက်၁၀၀ ကိုထပ်မံ​ရောင်းချသလို ၊ ​ပေ ၆၀×၈၀ ​မြေကွက် ၁၅၀ ကိုလည်း​ရောင်းချရာ ​မြေကွက် ၂၅၀ လုံးရက်ပိုင်းအတွင်း​ရောင်းကုန်ခဲ့သည်ဟုဆိုသည်။​ပေ ၆၀× ​ပေ ၈၀ ​မြေကွက်များကို ​ဒေါ်လာ ၆၄,၀၀၀တန်ဖိုးသတ်မှတ်၍ ၄၀ ရာခိုင်နှုန်း(​ဒေါ်လာ ၂၅,၆၀၀)ကို သုံးလအတွင်း​ငွေ​ပေး​ချေ​သောစနစ်ဖြင့်ပင်​ရောင်းချခြင်းဖြစ်သည်။

NUG၏အိမ်ယာစီမံကိန်းနှစ်ခုမှမြေကွက် ၇၀၀ကျော်​ရောင်းပြီး ၄၀ ​ကျော်သာကျန်ရှိ​တော့​ဟုရှယ်​ယာ​ရောင်းချ​ရေးအဖွဲ့ ထုတ်ပြန်
NUG၏အိမ်ယာစီမံကိန်းနှစ်ခုမှမြေကွက် ၇၀၀ကျော်​ရောင်းပြီး ၄၀ ​ကျော်သာကျန်ရှိ​တော့​ဟုရှယ်​ယာ​ရောင်းချ​ရေးအဖွဲ့ ထုတ်ပြန်

​နွေဦး​မော်ကွန်းသစ်မှ ပထမ​ရောင်းချ​သော​မြေကွက် ၄၀၀ ၊ဒုတိယ​ရောင်းချ​သော​​​မြေကွက် ၂၅၀ ကွက်၊စုစု​ပေါင်း​မြေကွက် ၆၅၀ လုံး​ရောင်းပြီး​နောက်​ ရန်ကုန်မြို့ တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်း​ထောင့်တွင် ​​ပေ ၆၀ × ၈၀ မြေကွက်​ ၁၀၀ ဖော်၍​ဒေါ်လာတစ်သိန်းခွဲတန်ဖိုးသတ်မှတ်ကာ ​နွေဦးရိပ်မွန် စီမံကိန်းအဖြစ်ဆက်လက်​ရောင်းချ​နေခြင်းဖြစ်သည်။ ​​နွေဦးရိပ်မွန်စီမံကိန်းမှာလည်း ၄ ရက်အတွင်း မြေကွက် ၅၀​ကျော်ရောင်းချနိုင်ခဲ့ပြီး ၄၀ ​ကျော်သာကျန်ရှိ​တော့​​ကြောင်း ရှယ်ယာ​ရောင်းချ​ရေးအဖွဲ့က ယမန်​နေ့(စက်တင်ဘာ ၅)တွင်ထုတ်ပြန်သည်။

ပြည်သူများ၏ ​တော်လှန်​ရေး နိုင်ရမည့် ယုံကြည်ခိုင်မာစိတ်နှင့် ​အောင်နိုင်​ရေး​ထောက်ပို့ကူညီလို​သောစိတ်တို့​ဖြင့်ဝယ်ယူ​နေကြခြင်းဖြစ်​ကြောင်းရှယ်ယာ​ရောင်းချ​ရေးအဖွဲ့ကထုတ်ပြန်သည်။

နွေဦးရိပ်မွန်မှ ​မြေကွက်တစ်ကွက် ဒေါ်လာ ၁၆၀,၀၀၀ဖြင့်​ရောင်းချ​ရာဝယ်ယူသူများသည်၆၀ရာခိုင်နှုန်း(ဒေါ်လာ၉၆၀၀၀)ကို ဆိုင်းငံ့ဖြင့်​တော်လှန်​ရေးပြီးမှ ​ပေး​ချေရမည်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းဖြစ်​သော ဒေါ်လာ ၆၄,၀၀၀ကို သုံးလအတွင်း သုံးရစ်ခွဲ​ပေးရ​မည်ဖြစ်သည်။

ထို​ကြောင့်အိမ်ရာစီမံကိန်းနှစ်ခု​ပေါင်း ​မြေကွက် ၇၅၀ ​ရောင်းချရာ ​မြေကွက် ၇၁၀ ခန့်​ရောင်းကုန်ပြီဖြစ်ပြီး ​မြေကွက်၄၀ ​ကျော်သာကျန်ရှိ​တော့​ကြောင်း EOD ရှယ်ယာ​ရောင်းချ​ရေးအဖွဲ့က အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။