Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲ စစ်​​ကောင်စီတပ် ၂၀ ထက်မနည်း​သေဆုံး၊ ကရင်နီပူး​ပေါင်းတပ်များလက်နက်ခဲယမ်းများရရှိ

တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီက ဖယ်ခုံ မှတဆင့် မိုးဗြဲသို့ ယမန်နေ့ည တွင်းချင်း အင်အားဖြည့်တင်းနေကြောင်း သိရသည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)
(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးခန့်သေဆုံးပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသ ခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၈ ရက်)က မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်းဝင်ရောက် လာသည့် စစ်ကောင်စီတပ် ကို ကရင်နီတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့သည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)

“စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ တက်လာတယ်။ခန့်မှန်းခြေ ၃၀၀ ကျော်လောက်ပါတယ်။မနက် ၈ ခွဲလောက်ကစပစ်တာ။ည ၇ နာရီလောက်မှာ ပြီးတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

တိုက်ပွဲတွင် လက်နက်များသိမ်းဆည်းရမိခဲ့သည့်ဓာတ်ပုံမှတ်တမ်းများအရ စက်လက် လေးလက်အပါအဝင်လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည်ကို​တွေ့ရှိရသည်။ လက်နက်ကြီးများ၌ အသုံးပြုသောဗုံးသီးများစွာကိုလည်း ရရှိခဲ့သည်ကိုမြင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)
(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)

“မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နဲ့ URF တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း အနီးကပ်ပစ်ခတ်မှုများမှာ ရဲဘော်အချို့ သေနတ်ထိမှန် ဒဏ်ရာရခဲ့တာ ရှိပေမဲ့ မစိုးရိမ်ရဘဲ ဆေးဝါးကုသမှု ပေးထားကြောင်း သိရပါတယ်”ဟု Karenni’s Voice က အသိပေးသည်။

တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီက ဖယ်ခုံ မှတဆင့် မိုးဗြဲသို့ ယမန်နေ့ည တွင်းချင်း အင်အားဖြည့်တင်းနေကြောင်း သိရသည်။

(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)
(သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများနှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MBRF, Karenni Vouce ,CJ)

“မနေ့ကည၁၀နာရီလောက်မှာ ဖယ်ခုံလမ်းမကြီးကနေမိုးဗြဲဘက်ကို စခ ကား ၁၀ စီးလောက် ရှိတယ်။အမြန်မောင်းသွားတာ”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

ကရင်နီ ဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော်လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။