Connect with us

Hi, what are you looking for?

သတင်း

လေးကေကော်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေ

စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက် အတိအကျကို စုံစမ်းလျက်ရှိတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

လေးကေကော်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေ
လေးကေကော်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေ

လေးကေကော်မြို့သစ်မှာ မနေ့ညပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ စက်တင်ဘာ(၁၁)ရက် ညရှစ်နာရီခွဲခန့်က တပ်မဟာ(၆)နယ်မြေ လေးကေကော်မြို့သစ်ရှိ KNLA တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၁)လုံခြုံရေးတာဝန်ယူထားတဲ့ ရပ်ကွက်မှာ(၆)မှာ နယ်မြေကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်တော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက် အတိအကျကို စုံစမ်းလျက်ရှိတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ဒါ့အပြင် မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က (၁၂၀)မမ လက်နက်ကြီးတွေနဲ့ KNLA တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့နေရာကို ဒီကနေ့ စက်တင်ဘာ(၁၂)ရက်နေ့ မနက်တစ်နာရီကနေ သုံးနာရီအထိနဲ့ မနက်ကိုးနာရီကနေ (၁၁)နာရီခွဲခန့်အထိ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ ဘေးကင်းလုံခြုံလျက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။