Connect with us

Hi, what are you looking for?

News

လေးကေကော်မြို့သစ်နားတောင်ကုန်းတွေပေါ်ကို တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဒီကနေ့ ဧပြီ ၂၀ ရက် မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစ်စီးဟာ လေးကေကော်မြို့အနီးမှာရှိတဲ တောင်ကုန်းတွေပေါ် ဗုံးငါးလုံးကြဲချခဲ့တာဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေတာဝန်ခံက ဆိုပါတယ်။

လေးကေကော်မြို့သစ်အနီး တောင်ကုန်းတွေပေါ်ကို ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဧပြီ ၂၀ ရက် မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစ်စီးဟာ လေးကေကော်မြို့အနီးမှာရှိတဲ တောင်ကုန်းတွေပေါ် ဗုံးငါးလုံးကြဲချခဲ့တာဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေတာဝန်ခံက ဆိုပါတယ်။

Public Service Announcement

“တိုက်လေယာဉ်တစ်စီး ဒီလေးကေကော်အနီးအနားမှာရှိတဲ့ ကျနော်တို့တပ်စွဲတယ်လို့ သူတို့ယူဆရတဲ့ တောင်ကုန်းတွေပေါ်ကို ဗုံးကြဲသွားတယ်။ ငါးလုံးကျကွဲသွားတယ်။ ဒါပေမဲ့ ကော်ဘရာစစ်ကြောင်းဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါဘူး။ ဒီနေ့မနက်နဲ့ ဒီနေ့နေ့ခင်းကတော့ ထိတွေ့တိုက်ပွဲတော့ မရှိသေးပါဘူး။ ဒီဒေသပတ်ဝန်းကျင် စစ်ရေးလှုပ်ရှားမှုတွေရှိတယ်ဆိုတော့ သိထားပါတယ်” လို့ ကော်ဘရာစစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက်ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့သေးတာဖြစ်ပြီး အခုဒီနေ့မနက်မှာတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တာကြောင့် လေးကေကော်ဒေသထဲကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ရေးတိုးချဲ့တာတွေ ထပ်မံလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။