Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံများစာရင်းတွင်မြန်မာအဆင့် ၅ရပ်တည်

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းများသည် လက်ရှိပြင်ပပေါက်ဈေးများကို အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်ဟုလည်း Steve Hanke ကဆိုသည်။

ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံများစာရင်းတွင် မြန်မာအဆင့် ၅ရပ်တည်
ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံများစာရင်းတွင် မြန်မာအဆင့် ၅ရပ်တည်

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည်၁၂၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာတွင်ငွေကြေးအဖောင်းပွဆုံးနိုင်ငံများ စာရင်း၌အဆင့် ၅ တွင်ရပ်တည်​နေကြောင်း အမေရိကန်John’s Hopkins တက္ကသိုလ်၊ စီးပွားရေးပညာရှင်Steve Hankeက ပြောသည်။

အဆိုပါ​ငွေ​ကြေး​ဖောင်းပွနှုန်းများသည် ၂၀၂၂ စက်တင်ဘာ ၈ ရက်က တွက်ချက်ခဲ့ခြင်းဖြစ်ကာ ထိုတွက်ချက်မှုများအရ ဇင်ဘာဘွေနိုင်ငံက ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံးနိုင်ငံ့ဖြစ်ပြီး မြန်မာနိုင်ငံအထက်တွင် ကျူးဘား၊ လက်ဘနွန်နှင့် တူရကီနိုင်ငံတို့သာရှိပြီး မြန်မာက ​ငွေ​ကြေး​ဖောင်းပွမှု ၁၂၇ ရာခိုင်နှုန်းဖြင့် အဆင့် ၅ ၌ရပ်တည်​နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွနှုန်းသည် ၂၀၂၂ဧပြီတွင် ၁၈ ရာခိုင်နှုန်းရှိခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ၁၂၇ ရာခိုင်နှုန်းရှိလာခြင်းဖြစ်သည်ဟု အဆိုပါစီးပွားရေးပညာရှင်ကတွက်ချက်​ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းများသည် လက်ရှိပြင်ပပေါက်ဈေးများကို အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်ဟုလည်း Steve Hanke ကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂၁၀၀သတ်မှတ်ထား​သော်လည်း ပြင်ပပေါက်ဈေးတွင်ယခုအခါ တစ်ဒေါ်လာကို ကျပ် ၃၄၀၀ မှ ၃၅၀၀ကြားရှိနေသည်။ အလားတူထိုင်းဘတ်၊တရုတ်ယွမ်၊စင်ကာပူ​ဒေါ်လာ၊အန္ဒိယရူပီ စ​သောနိုင်ငံခြား​ငွေများနှင့်လဲနှုန်းတွင်လည်းကျပ်​ငွေတန်ဖိုးကျဆင်း​နေသည်။​ငွေလဲနှုန်းတန်ဖိုးကျပြီးစက်သုံးဆီ​ဈေးနှုန်းများလည်းတက်လာသဖြင့် ပြည်တွင်၌ကျပ်​ငွေ​ဖောင်းပွကာ အ​​ထွေ​ထွေကုန်​ဈေးနှုန်းများကြီးမြင့်ကာပြည်သူအများစုအခက်​တွေ့​နေကြသည်။

စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ကျပ် ၁၃၃၇ ရှိပြီး အာဏာသိမ်းပြီးတနှစ်ကျော်ကာလအတွင်း ဒေါ်လာဈေးဖြင့်နှုန်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၁၆၀ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...