Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် KIA/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားနေ

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာကို ဒေသခံတစ်ဦးက မှတ်တမ်းရိုက်ကူးထားစဉ်။ဓာတ်ပုံ - CJ
လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာကို ဒေသခံတစ်ဦးက မှတ်တမ်းရိုက်ကူးထားစဉ်။ဓာတ်ပုံ - CJ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ဖားကန့်မြို့နယ်လုံးခင်းအုပ်စု မှော်ပုံရွာတွင် ယနေ့ (စက်တင်ဘာ ၁၄ရက်)နံနက် ၅နာရီ ခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လက်နက် ကြီး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကိုပါ ဖမ်းဆီးသွားသည်ဟု ဆိုသည်။

“မှော်ပုံဘုန်းကြီးကျောင်းနားနဲ့ ရွာထဲကိုလည်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်တွေ ကျတယ်။ လူထိ မထိ မသိရသေးဘူး။ အခြေအနေတွေက ရှုပ်ထွေးနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

KIA၊PDF ပူးပေါင်းအဖွဲ့သည် ဖားကန့်အပြင်.တနိုင်းဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။