Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် KIA/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားနေ

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာကို ဒေသခံတစ်ဦးက မှတ်တမ်းရိုက်ကူးထားစဉ်။ဓာတ်ပုံ - CJ
လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာကို ဒေသခံတစ်ဦးက မှတ်တမ်းရိုက်ကူးထားစဉ်။ဓာတ်ပုံ - CJ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ဖားကန့်မြို့နယ်လုံးခင်းအုပ်စု မှော်ပုံရွာတွင် ယနေ့ (စက်တင်ဘာ ၁၄ရက်)နံနက် ၅နာရီ ခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လက်နက် ကြီး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကိုပါ ဖမ်းဆီးသွားသည်ဟု ဆိုသည်။

“မှော်ပုံဘုန်းကြီးကျောင်းနားနဲ့ ရွာထဲကိုလည်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်တွေ ကျတယ်။ လူထိ မထိ မသိရသေးဘူး။ အခြေအနေတွေက ရှုပ်ထွေးနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

KIA၊PDF ပူးပေါင်းအဖွဲ့သည် ဖားကန့်အပြင်.တနိုင်းဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။