Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ (၃၉)ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ယမန်နေ့ (စက်တင်ဘာ ၁၅ ရက်)နေ့ည ၉ နာရီ ၅၀ ခန့်က (၃၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို YUA အဖွဲ့ဝင် Special Nway Oo(SNO)မြေအောက်တော်လှန် ရေးအဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(ဒဂုံမြို့သစ် မြောက်ပိုင်းမှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးနစ်ရုံးအားတွေ့ရစဥ်(ပုံဟောင်း)။ဓါတ်ပုံ-CJ)
(ဒဂုံမြို့သစ် မြောက်ပိုင်းမှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးနစ်ရုံးအားတွေ့ရစဥ်(ပုံဟောင်း)။ဓါတ်ပုံ-CJ)

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၉)ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၁၅ ရက်)နေ့ည ၉ နာရီ ၅၀ ခန့်က (၃၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို YUA အဖွဲ့ဝင် Special Nway Oo(SNO)မြေအောက်တော်လှန် ရေးအဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး ဆက်တိုက်လာဦးမယ် ငါတို့ဘယ်တော့မှ သွေးမအေးဘူး။ ရန်ကုန်မှာ ငါတို့ရှိတယ်။ ထပ်ပြောမယ် အာဏာရှင် စနစ်တစ်ခုလုံး မပြို လဲသ၍ ရန်ကုန်ကို အာဏာရှင်တွေ လုံးဝအုပ်ချုပ်ခွင့်မရစေဖို့ ငါတို့ရှိနေမယ်”ဟု YUA က ထုတ်ပြန်သည်။

အထက်ပါ စစ်ကောင်စီအုပ်ချုပ်ရေးရုံးတိုက်ခိုက်မှုတွင် ထိခိုက်မှုအခြေအနေအား အတိအကျမသိရသေးသော်လည်း SNO အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းကလည်း YUA အဖွဲ့ဝင် God’s Hands Force(GHF)မြေအောက်တော် လှန်ရေးအဖွဲ့က ရွှေပြည်သာမြို့နယ် ဒညင်းကုန်းရထားသံလမ်းအကျော်ရှိ စစ်သားစုဆောင်းရေးတပ် အနောက်ဘက်ဂိတ်ပေါက်အား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။