Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ အမှတ်(၃)လမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“(ပေါက်ကွဲသံ)ကြားတယ်။ အသံအတော်ကျယ်တယ်”ဟု မြန်မာဘီယာစက်ရုံအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

(စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံတစ်ရုံအား တွေ့ရစဥ် ၊ဓာတ်ပုံ - CJ)
(စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံတစ်ရုံအား တွေ့ရစဥ် ၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ အမှတ် (၃)လမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)က ထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၃ ရက်) ည ၉ နာရီ ၃၉ ခန့်တွင် ရန်ကုန်မြို့ အမှတ် (၃)အဝေးပြေးလမ်းမကြီးပေါ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)အဖွဲ့က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“စစ်တုရင်ထိုးသလိုပေါ့ သူရွေ့အလှည့်မို့ ခဏစောင့်နေတာ အခုက ကိုယ်အလှည့်”ဟု Yangon UG Association (YUA)က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအား စစ်အုပ်စုအနေဖြင့် မြို့ပြတွင် လုံးဝအုပ်ချုပ်ခွင့်မရစေရဟူသောရည်ရွယ်ချက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်မှုအတွင်း ထိခိုက်မှုတစ်စုံတစ်ရာရှိမရှိကို မသိရသေးသော်လည်း ရဲဘော်များဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“(ပေါက်ကွဲသံ)ကြားတယ်။ အသံအတော်ကျယ်တယ်”ဟု မြန်မာဘီယာစက်ရုံအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ထို့အပြင် အများပြည်သူအနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ အထိုင်ချကင်းနှင့် လှည့်ကင်းများနှင့် ဝေးဝေးမှရှောင်ရှားကြရန် မေတ္တာရပ်ခံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။