Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တလေးလမ်းမကြီးဘေးရှိ လှတောရဲစခန်းကိုPDFများ လက်နက်ကြီးဖြင့်တိုက်ခိုက်

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လှတောကျေးရွာအား တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(လှတောကျေးရွာအား တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးဘေးရှိ လှတောရဲစခန်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်အား ည ၁၂ နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Chindwin Attack Force က ခန့်မှန်းသည်။

ထိုစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃၊ တပ်ခွဲ ၃ ဂဠုန်နက်PDFနှင့် မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ် ထိ့ခိုက်​သေဆုံးမှုအ​ခြေအ​နေကို တပ်အတွင်းမှ သတင်း​​ပေးမှတစ်ဆင့်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်​ကြောင်း Chindwin Attack Force မှသတင်းနှင့်ပြန်​ရေးတာဝန်ခံက​​ပြောသည်။

သို့​သော်စစ်​ကောင်စီတပ်၏​သေဆုံး ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လှတောရဲကင်းစခန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ညပိုင်းကလည်း မီးရှို့တိုက်ခိုက်ခံခဲ့ရဖူးသည်။

စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် ဝက်လက်မြို့နယ်တွင်ရွှေဘို-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းများအား ​ဒေသခံကာကွယ်​ရေး PDFများက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။