Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-မန္တလေးလမ်းမကြီးဘေးရှိ လှတောရဲစခန်းကိုPDFများ လက်နက်ကြီးဖြင့်တိုက်ခိုက်

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လှတောကျေးရွာအား တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(လှတောကျေးရွာအား တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးဘေးရှိ လှတောရဲစခန်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်အား ည ၁၂ နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Chindwin Attack Force က ခန့်မှန်းသည်။

ထိုစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃၊ တပ်ခွဲ ၃ ဂဠုန်နက်PDFနှင့် မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ် ထိ့ခိုက်​သေဆုံးမှုအ​ခြေအ​နေကို တပ်အတွင်းမှ သတင်း​​ပေးမှတစ်ဆင့်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်​ကြောင်း Chindwin Attack Force မှသတင်းနှင့်ပြန်​ရေးတာဝန်ခံက​​ပြောသည်။

သို့​သော်စစ်​ကောင်စီတပ်၏​သေဆုံး ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လှတောရဲကင်းစခန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ညပိုင်းကလည်း မီးရှို့တိုက်ခိုက်ခံခဲ့ရဖူးသည်။

စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် ဝက်လက်မြို့နယ်တွင်ရွှေဘို-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းများအား ​ဒေသခံကာကွယ်​ရေး PDFများက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။