Connect with us

Hi, what are you looking for?

သတင်း

ရွာငံတွင် PDF လေးဦးအလင်းဝင်လာသည်ဆိုကာ စစ်ကောင်စီက လိမ်လည်၍ အခမ်းအနားပြုလုပ်

လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့​ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Voice of Pindaya
ဓာတ်ပုံ - Voice of Pindaya

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် စစ်ကောင်စီက PDF လေးဦး အလင်းဝင်သည်ဟုဆိုကာ PDF မဟုတ်သူများအား ကြိုဆိုသည့်အခမ်းအနား ကျင်းပခဲ့သည်ဟု တော်လှန်ရေးအင် အားစုများက ပြောသည်။

လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့​ခြင်း ဖြစ်သည်။

” PDF လေးယောက် အလင်းဝင်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ဒါ သူတို့ လုပ်နေကြ အလိမ်အညာဇာတ်လမ်းပဲ”ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

PDFအလင်းဝင်သည့် အခမ်းအနားဟုဆိုသော်လည်းစစ်ကောင်စီမှ အတုအယောင်ဖန်တီးထားခြင်းသာဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Voice of Pindaya က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ဒေသတွင်းရှိကာကွယ်ရေးတပ်ဖွဲ့များအားစုံစမ်းမေးမြန်းခဲ့ရာတွင် စစ်ကောင်စီအခမ်အနားမှ လူလေးဦးသည် ၎င်းတို့နဲ့သက်ဆိုင်ခြင်းမရှိသူများသာဖြစ်ပြီး ထိုလူလေးဦးကို ဒေသခံများပင်မသိရှိဟု သတင်းရင်း​မြစ်များက အတည်ပြုကြောင်း Voice of Pindayaက ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွသည့်ဒေသဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီပစ်မှတ်နေရာများအား မကြာခဏတိုက်ခိုက်နေကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်းများ တက်ရောက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။