Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်သတ်ဖြတ်မြေမြှုပ် ထားသည့် ပြည်သူနှစ်ဦး​၏ ရုပ်အလောင်းတွေ့

အလောင်းများတွေ့ရှိပြီးသည်နောက် KNDF B-06 ရဲဘော်များ နှင့် ရွာသူရွာသားများမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း အသိပေးသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာသတ် ဖြတ်ထားသည့် ဒေသခံပြည်သူနှစ်ဦး​၏ ရုပ်အလောင်းတွေ့ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၆က ထုတ်ပြန်သည်။

အသက်(၃၄)နှစ်အရွယ် ဖရန်စစ္စကို နှင့် အသက် (၄၄)နှစ်အရွယ် ကလယ်မူးတို့ကို စက်တင်ဘာ ၁၄ ရက်ကတည်းက စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်း မြေမြှုပ်၍ လက်စဖျောက်ခဲ့ခြင်းဟု ဆိုသည်။

“အလောင်းတွေကိုတွေ့တာ ၁၆ ရက်နေ့က ။နယ်မြေရှင်းရင်းနဲ့ သွေးတွေနဲ့ ဆွဲထားတဲ့ စွတ်ကြောင်းတစ်ခုတွေ့လို့ လိုက်ရှာတဲ့အချိန်မှာ ခြံတစ်ခုထဲမှာ မြှုပ်ခံထားရတဲ့ အရပ်သားနှစ် လောင်းတွေ့ခဲ့တာ”ဟု KNDF တပ်ရင်း (၆)တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အလောင်းများတွေ့ရှိပြီးသည်နောက် KNDF B-06 ရဲဘော်များ နှင့် ရွာသူရွာသားများမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များမှ လူမဆန် သောလုပ်ရပ်များ ကရင်နီပြည်နယ်တွင် နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။

စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စစ်ဘေးရှောင်ပြည်သူများ နားခိုနေထိုင်ရာ မွေတော်ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး ၁၀နှစ်အောက် မောင်နှမ ကလေးငယ်နှစ်ဦးနှင့် အသက် ၅၀ကျော်အရွယ် ပြည်သူနှစ်ဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။