Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး-ခင်ဦးလမ်းတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ယာဥ်တန်းအား ​ဒေသတွင်း PDF များလမ်းတစ်လျှောက် တိုက်ခိုက်

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးနယ်အခြေစိုက် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-KSO
ခင်ဦးနယ်အခြေစိုက် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-KSO

▪️စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

▪️စစ်ကောင်စီအရာရှိရောက်လာပြီးနောက် ခင်ဦးမြို့မစျေးကို အတင်းပိတ်ခိုင်း

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသည့် ယာဥ်တန်းအား လမ်းတစ်လျှောက် တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ၂၀ရက်) နံနက် ၃ နာရီခွဲခန့်က စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသော သံချပ်ကာ ကားအကြီး သုံးစီးသည် ရေဦးမြို့မှ ခင်ဦးမြို့ပေါ်သို့ ရေဦး-ခင်ဦး လမ်းပိုင်းအတိုင်း ဝင်ရောက် လာခဲ့သည်။

၎င်းယာဥ်တန်းသည် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ ကင်းရှည်ကင်းပုန်းဝပ်ထားသည့်ကြားက တိုက်မိုင်းဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ် ရေးအဖွဲ့များက ပြောသည်။

“ပြည့်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်မိုင်း၊ဆွဲမိုင်းများ အကြိမ်ကြိမ်မိသွားကြောင်းပြီးမှ ခင်ဦးမြို့ပေါ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အသေအပျောက်အထိခိုက်ရှိပါတယ်။အတိအကျမသိရသေးပါဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအရာရှိယာဥ်တန်း ရောက်ရှိလာပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်တပ်က ခင်ဦးမြို့မဈေးရှိ စျေးသည်များအား ခြိမ်းခြောက်ပြောဆိုကာ ဈေးပိတ်သိမ်းထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထို့အပြင် ရေဦးကြာပန်းဝိုင်းရှိ စစ်ကောင်စီတပ်များ ဒရုန်းချတိုက်ခိုက်ခံရပြီးနောက် ခင်ဦးအနောက်ခြမ်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေရာ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ် ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

” ရေဦးမှ ခင်ဦးနယ် ရွာသစ်၊မူးသာကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်နေပါတယ်။ ဆက်တိုက်ပစ်ခတ်နေပါတယ်။ ရွာသစ်ကျေးရွာက အသက်၂၂နှစ်အရွယ် အမျိုးသမီး၁ဦး ဒဏ်ရာရရှိထားတယ်။”ဟု Khin U Support Organization Kso အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့မှစ၍ ရေဦး-ခင်ဦး-ရွှေဘိုလမ်းတစ်​လျှောက် ကင်းရှည် ကင်းပုန်းဝပ်ထားခဲ့ကြောင်း၊ ကံသစ်ရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သားများက ယနေ့နံနက်တွင် တံတားမှ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးကြာပန်းဝိုင်းမှ စစ်ကောင်စီတပ်သည် အနက်ရောင်ဝတ်စုံဖြင့် PDFအသွင်ယူကာ အရှေ့ဘက် ခင်ဦးနယ်သို့ ကူးလာရန်ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။