Connect with us

Hi, what are you looking for?

သတင်း

ရေဦး-ခင်ဦးလမ်းတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ယာဥ်တန်းအား ​ဒေသတွင်း PDF များလမ်းတစ်လျှောက် တိုက်ခိုက်

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးနယ်အခြေစိုက် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-KSO
ခင်ဦးနယ်အခြေစိုက် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-KSO

▪️စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

▪️စစ်ကောင်စီအရာရှိရောက်လာပြီးနောက် ခင်ဦးမြို့မစျေးကို အတင်းပိတ်ခိုင်း

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသည့် ယာဥ်တန်းအား လမ်းတစ်လျှောက် တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ၂၀ရက်) နံနက် ၃ နာရီခွဲခန့်က စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသော သံချပ်ကာ ကားအကြီး သုံးစီးသည် ရေဦးမြို့မှ ခင်ဦးမြို့ပေါ်သို့ ရေဦး-ခင်ဦး လမ်းပိုင်းအတိုင်း ဝင်ရောက် လာခဲ့သည်။

၎င်းယာဥ်တန်းသည် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ ကင်းရှည်ကင်းပုန်းဝပ်ထားသည့်ကြားက တိုက်မိုင်းဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ် ရေးအဖွဲ့များက ပြောသည်။

“ပြည့်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်မိုင်း၊ဆွဲမိုင်းများ အကြိမ်ကြိမ်မိသွားကြောင်းပြီးမှ ခင်ဦးမြို့ပေါ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အသေအပျောက်အထိခိုက်ရှိပါတယ်။အတိအကျမသိရသေးပါဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအရာရှိယာဥ်တန်း ရောက်ရှိလာပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်တပ်က ခင်ဦးမြို့မဈေးရှိ စျေးသည်များအား ခြိမ်းခြောက်ပြောဆိုကာ ဈေးပိတ်သိမ်းထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထို့အပြင် ရေဦးကြာပန်းဝိုင်းရှိ စစ်ကောင်စီတပ်များ ဒရုန်းချတိုက်ခိုက်ခံရပြီးနောက် ခင်ဦးအနောက်ခြမ်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေရာ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ် ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

” ရေဦးမှ ခင်ဦးနယ် ရွာသစ်၊မူးသာကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်နေပါတယ်။ ဆက်တိုက်ပစ်ခတ်နေပါတယ်။ ရွာသစ်ကျေးရွာက အသက်၂၂နှစ်အရွယ် အမျိုးသမီး၁ဦး ဒဏ်ရာရရှိထားတယ်။”ဟု Khin U Support Organization Kso အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့မှစ၍ ရေဦး-ခင်ဦး-ရွှေဘိုလမ်းတစ်​လျှောက် ကင်းရှည် ကင်းပုန်းဝပ်ထားခဲ့ကြောင်း၊ ကံသစ်ရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သားများက ယနေ့နံနက်တွင် တံတားမှ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးကြာပန်းဝိုင်းမှ စစ်ကောင်စီတပ်သည် အနက်ရောင်ဝတ်စုံဖြင့် PDFအသွင်ယူကာ အရှေ့ဘက် ခင်ဦးနယ်သို့ ကူးလာရန်ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။