Connect with us

Hi, what are you looking for?

သတင်း

ရေဦး-ခင်ဦးလမ်းနှင့် ရေဦး-ရွှေဘိုလမ်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များသတိပေး

မဖြစ်မနေ အရေးပေါ်သွားလာရမည်ဆိုပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုင်ပင်ပြီး ဂရုစိုက်ဖြတ်သန်းသွားလာကြရန် ဒေသတွင်းအဖွဲ့များကအသိပေးထားသည်။

ရေဦး-ခင်ဦးလမ်းနှင့် ရေဦး-ရွှေဘိုလမ်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များသတိပေး
ရေဦး-ခင်ဦးလမ်းနှင့် ရေဦး-ရွှေဘိုလမ်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များသတိပေး

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းနှင့် ရေဦး-ရွှေဘိုလမ်းပိုင်းများအား ယနေ့မွန်းလွဲပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တားမြစ်လိုက်သည်။

ယနေ့ (စက်တင်ဘာလ ၁၇ ရက်)နံနက်ပိုင်းမှစတင်ကာ ရေဦး-ခင်ဦးလမ်းပိုင်း၊ ရေဦး-ညောင်ပင်သာ-ရွှေဘို လမ်းပိုင်းများကို မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ခရီးသည်တင်ကားများ၊ ကုန်ကားကြီးများနှင့် ခရီးသွားပြည်သူများအားလုံး ရောက်သည့်နေရာ ရပ်နားထားပေးကြရန် ဒေသတွင်းအဖွဲ့များကသတိပေးကြေညာသည်။

ရေဦး၊ ခင်ဦး၊ ဒီပဲယင်း လက်ရှိမြေပြင်စစ်ရေးအခြေအနေကို အရေးပေါ်အနီရောင်အဆင့်သက်မှတ်ထားပြီးတင်းမာလျက်ရှိသောကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအရ အထက်ဖော်ပြပါလမ်းပိုင်းများကို ယနေ့နံနက်ပိုင်းကစတင်ကာ ခေတ္တယာယီပိတ်ထားကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကာကွယ်ရေးအဖွဲ့အစည်းများက တစ်စုံတရာမထုတ်ပြန်မချင်း ပူးပေါင်းပါဝင်လိုက်နာပေးကြရန် ဒေသတွင်းအဖွဲ့များကမေတ္တာရပ်ခံသည်။

မဖြစ်မနေ အရေးပေါ်သွားလာရမည်ဆိုပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုင်ပင်ပြီး ဂရုစိုက်ဖြတ်သန်းသွားလာကြရန် ဒေသတွင်းအဖွဲ့များကအသိပေးထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ရေဦးမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးထူထပ်စွာချထားပြီး မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အကြီးအကဲတစ်ဦးရဟတ်ယာဥ်ဖြင့်လာမည်ဟုသတင်းရထားကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook