Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ကျေးရွာမီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ကို တပ်ပေါင်းစုပေါင်းတိုက်

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်တွင်းရွာရှိ နေအိမ် ၅၁လုံး မီးလောင်ပျက်စီးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

မြိုင်တွင် ကျေးရွာမီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ကို တပ်ပေါင်းစုပေါင်းတိုက်
မြိုင်တွင် ကျေးရွာမီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ကို တပ်ပေါင်းစုပေါင်းတိုက်

▪️စစ်အုပ်စုထိခိုက်မှုရှိပြီး ပြည်သူ့ရဲဘော််တစ်ဦးကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ညောင်တွင်းကျေးရွာအား မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ကို မြိုင်၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်သားနှင့်ရဲများထိခိုက်မှုရှိပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ၁၉ရက်) နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ညောင်တွင်းရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး၊ ရဲတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း မြိုင်(ပကဖ)က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ် ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုများရှိကာ မဟာမိတ်ဖြစ်သည့် ပခုက္ကူအဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရကြောင်း မြိုင် (ပကဖ)က အသိပေးသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်တွင်းရွာရှိ နေအိမ် ၅၁လုံး မီးလောင်ပျက်စီးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁နှင့် ပခုက္ကူနှင့်ရေစကြိုကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းရန် မြိုင်(ပကဖ) ထံ ဆက်သွယ်သော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

စက်တင်ဘာ ၁၈ ရက်ကလည်း မြိုင်မြို့နယ် တောင်ပိုင်းရှိ စိုင်ဂေါင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းအား မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)နှင့် မြိုင်၊ပခုက္ကူ၊ရေစကြို၊ ပေါက်နယ်များရှိ မဟာမိတ်တပ်ဖွဲ့များ စုပေါင်းကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။