Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျ တောင်ပိုင်းမှာ ဝေလငါး တစ်ဒါဇင်ကျော် သောင်တင်သေဆုံး

နိုင်ငံတောင်ပိုင်းက တက်စ်မေးနီးယားကျွန်းရဲ့ ကမ်းခြေတစ်ခုမှာ စပမ်း ဝေလငါးတွေ အစုအပြုံလိုက် သောင်တင် သေဆုံးနေတာကို စက်တင်ဘာ ၁၉ ရက်က တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးတဲ့ ဝေလငါး အားလုံးလိုလိုဟာ ခပ်ငယ်ငယ် မြီးကောင်ပေါက် အရွယ်တွေလို့ ယူဆရပါတယ်။

ဩစတြေးလျ တောင်ပိုင်းမှာ ဝေလငါး တစ်ဒါဇင်ကျော် သောင်တင်သေဆုံး
ဩစတြေးလျ တောင်ပိုင်းမှာ ဝေလငါး တစ်ဒါဇင်ကျော် သောင်တင်သေဆုံး

ဩစတြေးလျ နိုင်ငံမှာ ဝေလငါး ၁၄ ကောင် အစုလိုက် အပြုံလိုက် သောင်တင်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတောင်ပိုင်းက တက်စ်မေးနီးယားကျွန်းရဲ့ ကမ်းခြေတစ်ခုမှာ စပမ်း ဝေလငါးတွေ အစုအပြုံလိုက် သောင်တင် သေဆုံးနေတာကို စက်တင်ဘာ ၁၉ ရက်က တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးတဲ့ ဝေလငါး အားလုံးလိုလိုဟာ ခပ်ငယ်ငယ် မြီးကောင်ပေါက် အရွယ်တွေလို့ ယူဆရပါတယ်။

အခုလိုမျိုး ဝေလငါးတွေ အစုအပြုံလိုက် သောင်တင်ပြီး သေဆုံးကုန်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒီဖြစ်စဉ်ကို စုံစမ်းဖို့ အဏ္ဏဝါဇီဝ ပညာရှင်တွေကိုတော့ လောလောဆယ် စေလွှတ်ထားလိုက်ပါပြီ။ ဒါ့အပြင် အနီးတဝိုက် ကမ်းခြေတွေမှာရော နောက်ထပ် ဝေလငါးတွေ သောင်တင်နေတာမျိုး ရှိမရှိကို ဝေဟင်ကနေ လိုက်လံ ထောက်လှမ်း စစ်ဆေးဖို့ စီစဉ်နေပါတယ်။

စပမ်း ဝေလငါးတွေဟာ မျိုးသုဉ်းနိုင်ခြေအတွက် စိုးရိမ်ရတဲ့ သက်ရှိမျိုးစိတ် တစ်ခုပါ။ ဒီဝေလငါးတွေဟာ အရှည် ၁၈ မီတာလောက်ထိ ကြီးထွားနိုင်ပြီး အရွယ်ရောက်ပြီး အကောင်တွေက ၄၅ တန် အလေးချိန်လောက်ထိ ရှိတတ်ပါတယ်။ အခု သောင်တင် သေဆုံးကုန်တာက အရွယ်ရောက်စ အထီးတွေချည်း စုထားတဲ့ ဝေလငါးအုပ်လို့ ပညာရှင်တွေက ပြောပါတယ်။ စပမ်း ဝေလငါးတွေရဲ့ သဘာဝအရ အဲဒီလို သီးခြားအုပ်စုမျိုး ရှိတတ်ကြပါတယ်။

Public Service Announcement

Public Service Announcement

စပမ်းဝေလငါးတွေဟာ များသောအားဖြင့် ကမ်းဝေးပင်လယ်ထဲမှာသာ နေတတ်ကြပြီး ကမ်းခြေတွေကို ချဉ်းကပ်လေ့ မရှိပါဘူး။ ဒါပေမဲ့ ရှေ့ဆောင် ဝေလငါးက လမ်းကြောင်းမှားတာကြောင့်ဖြစ်စေ၊ ရေစီးကြောင်း အပြောင်းအလဲကြောင့်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် အခုလို ဒုက္ခရောက်သွားတာ ဖြစ်နိုင်တယ်လို့ သားရိုင်း တိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဗင်နစ်ဆာ ပီရော့တာက ပြောပါတယ်။

တက်စ်မေးနီးယားကျွန်းဟာ ဝေလငါးတွေ အစုလိုက် ကမ်းတင် သေဆုံးမှုတွေနဲ့ သိပ်ပြီး မစိမ်းလှတဲ့ နေရာတစ်ခုပါ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကဆိုရင် လမ်းပြ ဝေလငါး ၃၈၀ ကျော်လောက် တက်စ်မေးနီးယား ကမ်းခြေတစ်ခုမှာ အစုလိုက် သေဆုံးခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံသမိုင်းမှာ ဝေလငါးတွေ အဆိုးရွားဆုံး သောင်တင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။