Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဩစတြေးလျ တောင်ပိုင်းမှာ ဝေလငါး တစ်ဒါဇင်ကျော် သောင်တင်သေဆုံး

နိုင်ငံတောင်ပိုင်းက တက်စ်မေးနီးယားကျွန်းရဲ့ ကမ်းခြေတစ်ခုမှာ စပမ်း ဝေလငါးတွေ အစုအပြုံလိုက် သောင်တင် သေဆုံးနေတာကို စက်တင်ဘာ ၁၉ ရက်က တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးတဲ့ ဝေလငါး အားလုံးလိုလိုဟာ ခပ်ငယ်ငယ် မြီးကောင်ပေါက် အရွယ်တွေလို့ ယူဆရပါတယ်။

ဩစတြေးလျ တောင်ပိုင်းမှာ ဝေလငါး တစ်ဒါဇင်ကျော် သောင်တင်သေဆုံး
ဩစတြေးလျ တောင်ပိုင်းမှာ ဝေလငါး တစ်ဒါဇင်ကျော် သောင်တင်သေဆုံး

ဩစတြေးလျ နိုင်ငံမှာ ဝေလငါး ၁၄ ကောင် အစုလိုက် အပြုံလိုက် သောင်တင်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတောင်ပိုင်းက တက်စ်မေးနီးယားကျွန်းရဲ့ ကမ်းခြေတစ်ခုမှာ စပမ်း ဝေလငါးတွေ အစုအပြုံလိုက် သောင်တင် သေဆုံးနေတာကို စက်တင်ဘာ ၁၉ ရက်က တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးတဲ့ ဝေလငါး အားလုံးလိုလိုဟာ ခပ်ငယ်ငယ် မြီးကောင်ပေါက် အရွယ်တွေလို့ ယူဆရပါတယ်။

အခုလိုမျိုး ဝေလငါးတွေ အစုအပြုံလိုက် သောင်တင်ပြီး သေဆုံးကုန်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒီဖြစ်စဉ်ကို စုံစမ်းဖို့ အဏ္ဏဝါဇီဝ ပညာရှင်တွေကိုတော့ လောလောဆယ် စေလွှတ်ထားလိုက်ပါပြီ။ ဒါ့အပြင် အနီးတဝိုက် ကမ်းခြေတွေမှာရော နောက်ထပ် ဝေလငါးတွေ သောင်တင်နေတာမျိုး ရှိမရှိကို ဝေဟင်ကနေ လိုက်လံ ထောက်လှမ်း စစ်ဆေးဖို့ စီစဉ်နေပါတယ်။

စပမ်း ဝေလငါးတွေဟာ မျိုးသုဉ်းနိုင်ခြေအတွက် စိုးရိမ်ရတဲ့ သက်ရှိမျိုးစိတ် တစ်ခုပါ။ ဒီဝေလငါးတွေဟာ အရှည် ၁၈ မီတာလောက်ထိ ကြီးထွားနိုင်ပြီး အရွယ်ရောက်ပြီး အကောင်တွေက ၄၅ တန် အလေးချိန်လောက်ထိ ရှိတတ်ပါတယ်။ အခု သောင်တင် သေဆုံးကုန်တာက အရွယ်ရောက်စ အထီးတွေချည်း စုထားတဲ့ ဝေလငါးအုပ်လို့ ပညာရှင်တွေက ပြောပါတယ်။ စပမ်း ဝေလငါးတွေရဲ့ သဘာဝအရ အဲဒီလို သီးခြားအုပ်စုမျိုး ရှိတတ်ကြပါတယ်။

Public Service Announcement

Public Service Announcement

စပမ်းဝေလငါးတွေဟာ များသောအားဖြင့် ကမ်းဝေးပင်လယ်ထဲမှာသာ နေတတ်ကြပြီး ကမ်းခြေတွေကို ချဉ်းကပ်လေ့ မရှိပါဘူး။ ဒါပေမဲ့ ရှေ့ဆောင် ဝေလငါးက လမ်းကြောင်းမှားတာကြောင့်ဖြစ်စေ၊ ရေစီးကြောင်း အပြောင်းအလဲကြောင့်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် အခုလို ဒုက္ခရောက်သွားတာ ဖြစ်နိုင်တယ်လို့ သားရိုင်း တိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဗင်နစ်ဆာ ပီရော့တာက ပြောပါတယ်။

တက်စ်မေးနီးယားကျွန်းဟာ ဝေလငါးတွေ အစုလိုက် ကမ်းတင် သေဆုံးမှုတွေနဲ့ သိပ်ပြီး မစိမ်းလှတဲ့ နေရာတစ်ခုပါ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကဆိုရင် လမ်းပြ ဝေလငါး ၃၈၀ ကျော်လောက် တက်စ်မေးနီးယား ကမ်းခြေတစ်ခုမှာ အစုလိုက် သေဆုံးခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံသမိုင်းမှာ ဝေလငါးတွေ အဆိုးရွားဆုံး သောင်တင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။