ဟားခါးနှင့်ထန်တလန်ကြား ချင်းဒေသကာကွယ်ရေးအဖွဲ့ -CDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ သြဂုတ် ၂၅ ရက်ကတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်း ဆုံးသုံးဦးသေဆုံးခဲ့ကြောင်း CDF က ယနေ့သတင်းထုတ်ပြန်သည်။
CDF-Hakha နှင့် CDF-Zophei တို့ကပူးပေါင်းအဖွဲ့ တို့က နယ်မြေ ကျူးကျော်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင် အကြမ်းဖက်စစ်တပ်သည် နယ်မြေကျူးကျော် အင်အားတိုးချဲ့ခြင်း ပြုလုပ်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်ဖွယ်ရှိကြောင်းလည်း ချင်းဒေသကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။
ထိုကြောင့်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ CDF ၏ ထုတ်ပြန်ချက်များတိကျစွာ လိုက်နာပေးကြပါရန် အသိပေးအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement
အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဆွဲကိုင်ခုခံတော်လှန်နေသော ချင်းပြည်နယ် ဒေသအနှံ့တွင် သြဂုတ်လ၌ တိုက်ပွဲများပိုမိုဖြစ်ပွားနေသည်။ တိုက်ပွဲ အများစုတွင် စစ်ကောင်စိတပ်များသေဆုံး ဒဏ်ရာရရမှု များပြီး အထိနာလျက်ရှိသည်။


















































