Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန် စက်မှုပန်းခြံအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှ ဖောကားတစ်စီးကို ပဒေသာမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

“ထိုလှုပ်ရှားမှုအပြီးတွင် ရခ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

Update News
Update News

▪️စစ်ကောင်စီတပ်မှ ရဲခုနစ်ဦးထိခိုက်ပြီး နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှ ဖောကားတစ်စီးကို ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း GZP(Mandalay)ပြောက်ကျား တပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၂)ထုတ်ပြန် သည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ပြည်ကြီးတံခွန် မြို့နယ် စက်မှုပန်းခြံအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှ ရဲ (၁၅)ဦးခန့်ပါသော ဖောကားတစ်စီးအား ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုလှုပ်ရှားမှုအပြီးတွင် ရခ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

GZP(Mandalay)ပြောက်ကျားတပ်ဖွဲ့သည် မြို့ပြစစ်ဆင်ရေးများသာမက အခြားသော မဟာမိတ် တော် လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး အရာတော် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ကို တော်လှန်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။