Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန် စက်မှုပန်းခြံအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှ ဖောကားတစ်စီးကို ပဒေသာမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

“ထိုလှုပ်ရှားမှုအပြီးတွင် ရခ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

Update News
Update News

▪️စစ်ကောင်စီတပ်မှ ရဲခုနစ်ဦးထိခိုက်ပြီး နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှ ဖောကားတစ်စီးကို ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း GZP(Mandalay)ပြောက်ကျား တပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၂)ထုတ်ပြန် သည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ပြည်ကြီးတံခွန် မြို့နယ် စက်မှုပန်းခြံအနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်မှ ရဲ (၁၅)ဦးခန့်ပါသော ဖောကားတစ်စီးအား ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုလှုပ်ရှားမှုအပြီးတွင် ရခ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

GZP(Mandalay)ပြောက်ကျားတပ်ဖွဲ့သည် မြို့ပြစစ်ဆင်ရေးများသာမက အခြားသော မဟာမိတ် တော် လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး အရာတော် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ကို တော်လှန်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook