Connect with us

Hi, what are you looking for?

သတင်း

ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ကောင်စီတပ်ခုနစ်ဦးသေဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

(ကော်ဘရာစစ်သည်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ သေ့ဘော့ဘိုးရွာအနီး ယနေ့တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မြဝတီ – ဝေါ်လေလမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ ကျူးကျော်ရန် ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ နဗဟ (၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့စသည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့(စက်တင်ဘာ ၂၂ရက်) တိုက်ပွဲ၌ ပူပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ပါစစ်သည်တော်နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စစ်‌မြေပြင်သတင်းအတည်ပြုချက်ရရှိသည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။