Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ကောင်စီတပ်ခုနစ်ဦးသေဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

(ကော်ဘရာစစ်သည်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ သေ့ဘော့ဘိုးရွာအနီး ယနေ့တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မြဝတီ – ဝေါ်လေလမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ ကျူးကျော်ရန် ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ နဗဟ (၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့စသည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့(စက်တင်ဘာ ၂၂ရက်) တိုက်ပွဲ၌ ပူပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ပါစစ်သည်တော်နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စစ်‌မြေပြင်သတင်းအတည်ပြုချက်ရရှိသည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။