Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ် ပန္ဒလဲရွာမှ ပျူတစ်ဦးကို ထားဝယ်ခရိုင် PDF ပစ်ခတ်ရှင်းလင်း

ယနေ့နံနက် ၆နာရီခွဲခန့်က အသက် (၃၅)နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ရဲထွေး(ခ)ရေခဲလုံးဆိုသူကို DDT တပ်ခွဲ (၃)မှ ရဲဘော်များက သေနတ်ဖြင့်(၁၀)ချက်ခန့် ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ရှင်းလင်းခံရသည့် ပျူအဖွဲ့ဝင် ရဲထွေးအား တွေ့ရစဉ်
ရှင်းလင်းခံရသည့် ပျူအဖွဲ့ဝင် ရဲထွေးအား တွေ့ရစဉ်

တနင်္သာရိတိုင်း လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ရဲထွေး (ခ) ရေခဲလုံးဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT က ယနေ့(စက်တင်ဘာ ၂၅) ထုတ်ပြန်သည်။

ယနေ့နံနက် ၆နာရီခွဲခန့်က အသက် (၃၅)နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ရဲထွေး(ခ)ရေခဲလုံးဆိုသူကို DDT တပ်ခွဲ (၃)မှ ရဲဘော်များက သေနတ်ဖြင့်(၁၀)ချက်ခန့် ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

“၎င်းပျူစောထီးအဖွဲ့ဝင် ကိုရဲထွေး (ခ)ရေခဲလုံးသည် ဆိုးသွမ်းစာရင်းထဲမှာ ပါဝင်ပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူများကို ဖမ်းဆီးသတ်ဖြတ်ပြမည်ဟုလည်း အမြဲစိန်ခေါ်လေ့ရှိ၍ စစ်ကောင်စီနှင့် ပူး ပေါင်းပြီး ပြည်သူလူထုကို နည်းမျိုးစုံသုံးဒုက္ခပေးနေသောကြောင့် ကျွန်ုပ်တို့အဖွဲ့သားများက သုတ်သင်ရှင်း လင်းလိုက်ရခြင်း ဖြစ်ပါသည်”ဟု ဆိုသည်။

အထက်ပါ သုတ်သင်ရှင်းလင်းမှုသည် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT တပ်ခွဲ (၃)က ရဲဘော်များလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ကျေးရွာနေပြည်သူလူထုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်