Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်

စက်တင်ဘာ ၅ရက်က KRF အဖွဲ့မှ DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြု ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊ တပ်မဟာစစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်
သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်

▪️KNU၏ တော်လှန်ရေးလမ်းစဉ်နှင့် စည်းကမ်းများ လိုက်နာမှုမရှိသည့် KRF အဖွဲ့ခေါင်းဆောင်ကို အရေး ယူထားဟု အသိပေး ၊ ယာဉ်မောင်းနှင့် ယာဉ်အား ပြန်လွှတ်ပေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နယ်မြေအတွင်း လှုပ်ရှားသည့် တော်လှန် ရေးတပ်ဖွဲ့ဖြစ်သည့် ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က DENKO ဆီဘောက်ဆာယာဉ် အားဖမ်းပြီး ဆီများ ဆောက်ယူ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းKRF အဖွဲ့ခေါင်းဆောင်ကို အရေးယူထားကြောင်း KNUက ပြည်သူလူထုသို့ အသိပေးရှင်းလင်းသည်။

စက်တင်ဘာ ၅ရက်က KRF အဖွဲ့မှ DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြု ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊ တပ်မဟာစစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

ထိုသို့ စစ်ဆေးရာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် ၂ဦးအား ရိုက်နှက်နှိပ်စက်ခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း၊ DENKO ဆီဘောက်ဆာကားတွင်ပါလာသော Premium (3000)ဂါလံ၊ Desel (2000)ဂါလံနှင့် Octane 92 (4000)ဂါလံအား ဖောက်ယူရောင်းချပြီးဖြစ်ကြောင်း၊ DENKO ဆီဘောက်ဆာကားကို ဂုံညှင်းနွယ်နှင့် ကျောက်ပုံကြားလမ်းဘေးတွင် ရပ်ထားကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ယင်းသို့ လုပ်ဆောင်ချက်အား KRFက KNUမြို့နယ်နှင့် KNLA တပ်ရင်း အဖွဲ့အစည်းအား အသိပေးတင်ပြခြင်းမရှိကြောင်း၊ KRF အနေဖြင့် KNU ချမှတ်ထားသည့် တော်လှန်ရေးလမ်းစဉ် ၊လုပ်ငန်းစဉ်၊ စည်းမျဉ်းများကို လိုက်နာခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးသိရှိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၅ရက်တွင် KRF ထိန်းသိမ်းထားသည့် DENKO ဆီဘောက်ဆာကားအား KNUခရိုင်၊ တပ်မဟာ ဖြေရှင်းရေးအဖွဲ့မှ ပြန်ထုက်၍ ယာဥ်မောင်း လက်ထဲပြန်လည်အပ်နှံခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း အသိပေးထားသည်။

ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့် ဆီဖောက်ယူခြင်းသည် KNU၊ KNLA အဖွဲ့အစည်းမှ လုံး၀ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် DENKO ဆီဘောက်ဆာကားအား ပြန်လွှတ်နေစဥ်တွင် ဘေးကင်းလုံခြုံမှုရှိသောနေရာအထိ လုံခြုံရေးယူထားပေးကြောင်းဖော်ပြထားသည်။

စည်းမျဥ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ခေါင်းဆောင်အား သက်ဆိုင်ရာ PDF တာဝန်ခံမှ အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း KNUက ထုတ်ပြန်ကြေညာသည်။

KNU၏ ထုတ်ပြန်ချက်တွင် KRF အဖွဲ့ခေါင်းဆောင် အား မည်သို့ အရေးယူထားသည်ဆိုသည့် အချက်ကို ဖော်ပြမထား၍ KNU တပ်မဟာ(၁) နယ်မြေရှိ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ဆက်သွယ်ရာ တာဝန်ယူဖြေကြားမည့် ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်မရသေးပေ။

KNU သထုံခရိုင်တွင် KNLA၊ KNDO တပ်ရင်းတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက် နေသည့် PDFနှင့် အခြားသော တော်လှန်ရေး အင်အားစုများလှုပ်ရှားလျက်ရှိရာ ယင်းအဖွဲ့များပါဝင်သည့် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီကို ဖွဲ့စည်းကာစစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။