Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်

စက်တင်ဘာ ၅ရက်က KRF အဖွဲ့မှ DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြု ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊ တပ်မဟာစစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်
သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်

▪️KNU၏ တော်လှန်ရေးလမ်းစဉ်နှင့် စည်းကမ်းများ လိုက်နာမှုမရှိသည့် KRF အဖွဲ့ခေါင်းဆောင်ကို အရေး ယူထားဟု အသိပေး ၊ ယာဉ်မောင်းနှင့် ယာဉ်အား ပြန်လွှတ်ပေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နယ်မြေအတွင်း လှုပ်ရှားသည့် တော်လှန် ရေးတပ်ဖွဲ့ဖြစ်သည့် ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က DENKO ဆီဘောက်ဆာယာဉ် အားဖမ်းပြီး ဆီများ ဆောက်ယူ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းKRF အဖွဲ့ခေါင်းဆောင်ကို အရေးယူထားကြောင်း KNUက ပြည်သူလူထုသို့ အသိပေးရှင်းလင်းသည်။

စက်တင်ဘာ ၅ရက်က KRF အဖွဲ့မှ DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြု ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊ တပ်မဟာစစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

ထိုသို့ စစ်ဆေးရာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် ၂ဦးအား ရိုက်နှက်နှိပ်စက်ခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း၊ DENKO ဆီဘောက်ဆာကားတွင်ပါလာသော Premium (3000)ဂါလံ၊ Desel (2000)ဂါလံနှင့် Octane 92 (4000)ဂါလံအား ဖောက်ယူရောင်းချပြီးဖြစ်ကြောင်း၊ DENKO ဆီဘောက်ဆာကားကို ဂုံညှင်းနွယ်နှင့် ကျောက်ပုံကြားလမ်းဘေးတွင် ရပ်ထားကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ယင်းသို့ လုပ်ဆောင်ချက်အား KRFက KNUမြို့နယ်နှင့် KNLA တပ်ရင်း အဖွဲ့အစည်းအား အသိပေးတင်ပြခြင်းမရှိကြောင်း၊ KRF အနေဖြင့် KNU ချမှတ်ထားသည့် တော်လှန်ရေးလမ်းစဉ် ၊လုပ်ငန်းစဉ်၊ စည်းမျဉ်းများကို လိုက်နာခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးသိရှိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၅ရက်တွင် KRF ထိန်းသိမ်းထားသည့် DENKO ဆီဘောက်ဆာကားအား KNUခရိုင်၊ တပ်မဟာ ဖြေရှင်းရေးအဖွဲ့မှ ပြန်ထုက်၍ ယာဥ်မောင်း လက်ထဲပြန်လည်အပ်နှံခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း အသိပေးထားသည်။

ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့် ဆီဖောက်ယူခြင်းသည် KNU၊ KNLA အဖွဲ့အစည်းမှ လုံး၀ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် DENKO ဆီဘောက်ဆာကားအား ပြန်လွှတ်နေစဥ်တွင် ဘေးကင်းလုံခြုံမှုရှိသောနေရာအထိ လုံခြုံရေးယူထားပေးကြောင်းဖော်ပြထားသည်။

စည်းမျဥ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ခေါင်းဆောင်အား သက်ဆိုင်ရာ PDF တာဝန်ခံမှ အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း KNUက ထုတ်ပြန်ကြေညာသည်။

KNU၏ ထုတ်ပြန်ချက်တွင် KRF အဖွဲ့ခေါင်းဆောင် အား မည်သို့ အရေးယူထားသည်ဆိုသည့် အချက်ကို ဖော်ပြမထား၍ KNU တပ်မဟာ(၁) နယ်မြေရှိ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ဆက်သွယ်ရာ တာဝန်ယူဖြေကြားမည့် ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်မရသေးပေ။

KNU သထုံခရိုင်တွင် KNLA၊ KNDO တပ်ရင်းတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက် နေသည့် PDFနှင့် အခြားသော တော်လှန်ရေး အင်အားစုများလှုပ်ရှားလျက်ရှိရာ ယင်းအဖွဲ့များပါဝင်သည့် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီကို ဖွဲ့စည်းကာစစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျုံဒိုးမြို့နယ်က ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေငြာချက်တရပ် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းတွေကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU တပ်မဟာ ( ၇) ပူးပေါင်းတပ်တို့အကြား အခုလ နိုဝင်ဘာ ၅ ရက်အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေး ခေါင်းဆောင်များညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တနေရာမှာ ကျင်းပခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပုလောနဲ့ တနင်္သာရီနယ်ကိုလည်း စစ်တပ်က ၄ရက်ဆက်ဗုံးကြဲဟု KNU အသိပေး