Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်

စက်တင်ဘာ ၅ရက်က KRF အဖွဲ့မှ DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြု ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊ တပ်မဟာစစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်
သထုံခရိုင်၌ လှုပ်ရှားသည့် KRFက DENKO ဆီဘောက်ဆာကား ဖမ်းပြီး ဆီဖောက်ယူသည့် ကိစ္စပါဝင်ပတ်သက်ခြင်းမရှိဟု KNU ထုတ်ပြန်

▪️KNU၏ တော်လှန်ရေးလမ်းစဉ်နှင့် စည်းကမ်းများ လိုက်နာမှုမရှိသည့် KRF အဖွဲ့ခေါင်းဆောင်ကို အရေး ယူထားဟု အသိပေး ၊ ယာဉ်မောင်းနှင့် ယာဉ်အား ပြန်လွှတ်ပေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နယ်မြေအတွင်း လှုပ်ရှားသည့် တော်လှန် ရေးတပ်ဖွဲ့ဖြစ်သည့် ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က DENKO ဆီဘောက်ဆာယာဉ် အားဖမ်းပြီး ဆီများ ဆောက်ယူ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းKRF အဖွဲ့ခေါင်းဆောင်ကို အရေးယူထားကြောင်း KNUက ပြည်သူလူထုသို့ အသိပေးရှင်းလင်းသည်။

စက်တင်ဘာ ၅ရက်က KRF အဖွဲ့မှ DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြု ပစ်မှတ်အဖြစ် သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊ တပ်မဟာစစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

ထိုသို့ စစ်ဆေးရာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် ၂ဦးအား ရိုက်နှက်နှိပ်စက်ခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း၊ DENKO ဆီဘောက်ဆာကားတွင်ပါလာသော Premium (3000)ဂါလံ၊ Desel (2000)ဂါလံနှင့် Octane 92 (4000)ဂါလံအား ဖောက်ယူရောင်းချပြီးဖြစ်ကြောင်း၊ DENKO ဆီဘောက်ဆာကားကို ဂုံညှင်းနွယ်နှင့် ကျောက်ပုံကြားလမ်းဘေးတွင် ရပ်ထားကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ယင်းသို့ လုပ်ဆောင်ချက်အား KRFက KNUမြို့နယ်နှင့် KNLA တပ်ရင်း အဖွဲ့အစည်းအား အသိပေးတင်ပြခြင်းမရှိကြောင်း၊ KRF အနေဖြင့် KNU ချမှတ်ထားသည့် တော်လှန်ရေးလမ်းစဉ် ၊လုပ်ငန်းစဉ်၊ စည်းမျဉ်းများကို လိုက်နာခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးသိရှိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၅ရက်တွင် KRF ထိန်းသိမ်းထားသည့် DENKO ဆီဘောက်ဆာကားအား KNUခရိုင်၊ တပ်မဟာ ဖြေရှင်းရေးအဖွဲ့မှ ပြန်ထုက်၍ ယာဥ်မောင်း လက်ထဲပြန်လည်အပ်နှံခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း အသိပေးထားသည်။

ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့် ဆီဖောက်ယူခြင်းသည် KNU၊ KNLA အဖွဲ့အစည်းမှ လုံး၀ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် DENKO ဆီဘောက်ဆာကားအား ပြန်လွှတ်နေစဥ်တွင် ဘေးကင်းလုံခြုံမှုရှိသောနေရာအထိ လုံခြုံရေးယူထားပေးကြောင်းဖော်ပြထားသည်။

စည်းမျဥ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ခေါင်းဆောင်အား သက်ဆိုင်ရာ PDF တာဝန်ခံမှ အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း KNUက ထုတ်ပြန်ကြေညာသည်။

KNU၏ ထုတ်ပြန်ချက်တွင် KRF အဖွဲ့ခေါင်းဆောင် အား မည်သို့ အရေးယူထားသည်ဆိုသည့် အချက်ကို ဖော်ပြမထား၍ KNU တပ်မဟာ(၁) နယ်မြေရှိ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ဆက်သွယ်ရာ တာဝန်ယူဖြေကြားမည့် ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်မရသေးပေ။

KNU သထုံခရိုင်တွင် KNLA၊ KNDO တပ်ရင်းတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက် နေသည့် PDFနှင့် အခြားသော တော်လှန်ရေး အင်အားစုများလှုပ်ရှားလျက်ရှိရာ ယင်းအဖွဲ့များပါဝင်သည့် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီကို ဖွဲ့စည်းကာစစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။