Connect with us

Hi, what are you looking for?

သတင်း

မိုင်းထိသေဆုံးသည့် စစ်ကောင်စီတပ်ကြပ်ကြီးနှင့်တပ်သားနှစ်ဦးကို စစ်တပ်က အမိန့်စာနှင့်အတူ မြေမြှုပ်သွား

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် တပ်ကြပ်ကြီးအပါအဝင်နှစ်ဦးသေဆုံးပြီးအမိန့်စာနှင့်အတူ ရုပ်အလောင်းများအား မြေမြှုပ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာသို့အဝင်တွင် မြိုင်ပကဖနှင့်​ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီးအပါအဝင်နှစ်ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

သေဆုံးသွားသော တပ်ကြပ်ကြီးအလောင်းအား ပိုက်ဆံ ၆၄၅၀ ကျပ်(နှစ်ရာတန်တစ်ရာတန်ငါးဆယ်တန်အကြွေများ)နှင့် အမိန့်ပြန်တမ်းစာတစ်ခုပါ အတူမြုပ်နှံထားခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)နံနက် ၁၁နာရီ ၃၅ မိနစ်ခန့်က မြိုင်မြို့နယ်ကျောက်ခွက်ကျေးရွာသို့စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။