Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းထိသေဆုံးသည့် စစ်ကောင်စီတပ်ကြပ်ကြီးနှင့်တပ်သားနှစ်ဦးကို စစ်တပ်က အမိန့်စာနှင့်အတူ မြေမြှုပ်သွား

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် တပ်ကြပ်ကြီးအပါအဝင်နှစ်ဦးသေဆုံးပြီးအမိန့်စာနှင့်အတူ ရုပ်အလောင်းများအား မြေမြှုပ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာသို့အဝင်တွင် မြိုင်ပကဖနှင့်​ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီးအပါအဝင်နှစ်ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအားမြှုပ်နှံသွား​သော​နေရာနှင့်အမိန့်စာကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

သေဆုံးသွားသော တပ်ကြပ်ကြီးအလောင်းအား ပိုက်ဆံ ၆၄၅၀ ကျပ်(နှစ်ရာတန်တစ်ရာတန်ငါးဆယ်တန်အကြွေများ)နှင့် အမိန့်ပြန်တမ်းစာတစ်ခုပါ အတူမြုပ်နှံထားခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)နံနက် ၁၁နာရီ ၃၅ မိနစ်ခန့်က မြိုင်မြို့နယ်ကျောက်ခွက်ကျေးရွာသို့စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။