Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးမှာ တစ်နာရီနီးပါးကြာပစ်ခတ်မှုဖြစ်ပြီးစစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆို

နံနက်(၈)နာရီခွဲမှ (၉)နာရီခွဲအထိ (၁)နာရီခန့်ကြာမြင့်သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးနှင့် တစ်ဦးထိခိုက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှာတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချန်တွင် ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီးမှာ တစ်နာရီနီးပါးကြာပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆို
ကြာအင်းဆိပ်ကြီးမှာ တစ်နာရီနီးပါးကြာပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆို

ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာနှင့် ခုတ်ခွားစခန်းကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု နဂါးနီစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ(၂၉)ရက် နံနက်ရှစ်နာရီခွဲခန့်က ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာနှင့် ခုတ်ခွားစခန်းကြားတွင် နယ်မြေရှင်းလင်းရေးပြုလုပ်ရန်ကြိုးစားနေသော စစ်ကောင်စီ၏ စကခ(၁၃)လက်အောက်ခံ ခမရ(၃၅၈)နှင့် ခမရ(၅၅၆) ခန့်မှန်းအင်အား (၁၀၀)ကျော်အား နဂါးနီစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များမှ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement
Public Service Announcement

နံနက်(၈)နာရီခွဲမှ (၉)နာရီခွဲအထိ (၁)နာရီခန့်ကြာမြင့်သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးနှင့် တစ်ဦးထိခိုက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှာတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချန်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook