Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်မြေတွေ သိမ်းသွင်းကြောင်း ကြေညာဖို့ ရုရှားမှာ တခမ်းတနား ပြင်ဆင်နေ

ပူတင်ကတော့ အမြဲတမ်း တပ်ဖွဲ့ဝင် မဟုတ်တဲ့ လူငယ်လူရွယ်တွေကို စစ်ထဲဆွဲသွင်းမယ့် သူ့ရဲ့ အမိန့်ကို ကာကွယ်ပြောကြားခဲ့သလို ယူကရိန်းအပေါ် ဆင်နွှဲတဲ့ စစ်ပွဲကလည်း ကျူးကျော်မှု ရည်ရွယ်ချက် မပါဘူးလို့ တွင်တွင် ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

ယူကရိန်း နယ်မြေတွေ သိမ်းသွင်းကြောင်း ကြေညာဖို့ ရုရှားမှာ တခမ်းတနား ပြင်ဆင်နေ
ယူကရိန်း နယ်မြေတွေ သိမ်းသွင်းကြောင်း ကြေညာဖို့ ရုရှားမှာ တခမ်းတနား ပြင်ဆင်နေ

ယူကရိန်းရဲ့ အစိတ်အပိုင်း တချို့ကို ပိုင်နယ်အဖြစ် သိမ်းသွင်းကြောင်း ကြေညာဖို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တခမ်းတနား ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

ကရင်မလင် နန်းတော်တဝိုက်နဲ့ ရင်ပြင်နီမှာ ရုရှားစစ်သားတွေ၊ အလုပ်သမားတွေ စုဝေးပြီး အခမ်းအနားအတွက် စီစဉ်နေတာကို တွေ့ရပါတယ်။ ယူကရိန်း ပြည်နယ် ၄ ခုရဲ့ ရုရှား ထိန်းချုပ်ထားရာ အစိတ်အပိုင်းတွေကို ရုရှားပိုင်နက်ထဲ သွတ်သွင်းကြောင်း ဒီနေ့မှာ သမ္မတ ဗလာဒီမာ ပူတင်က မိန့်ခွန်းပြောကြား အတည်ပြုမယ်လို့ ယုံကြည်ရပါတယ်။ ယူကရိန်း နယ်မြေတွေ ရုရှားဆီ လာပေါင်းစည်းတဲ့အကြောင်း ရင်ပြင်နီမှာ ကြော်ငြာဘုတ်ကြီးတွေ ထောင်ထားပြီး တခြား အလှဆင်မှုတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ရုရှားဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ကျူးကျော် သိမ်းပိုက်လိုက်ချိန်မှာ အလားတူ အခမ်းအနားမျိုး ကျင်းပဖူးပါတယ်။ ဒါပေမဲ့ ခရိုင်းမီးယားကို ရုရှား သိမ်းယူခဲ့ခြင်းဟာ ဘယ်တုန်းကမှ နိုင်ငံတကာ အသိအမှတ်ပြုမှု မရခဲ့သလို အခုလည်း ယူကရိန်း နယ်မြေ အသစ်တွေကို သွတ်သွင်းမယ့် ပူတင်ရဲ့ အကြံကိုလည်း နိုင်ငံတကာ ရှုတ်ချနေပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ရုရှားရဲ့ နယ်မြေတွေ သိမ်းပိုက် သွတ်သွင်းမယ့် အကြံအစည်ဟာ တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေပြီး ငြိမ်းချမ်းရေးနဲ့ ပိုအလှမ်းဝေးသွားမယ်လို့ သတိပေးထားပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရုရှားရဲ့ တရားမဝင်တဲ့ နယ်မြေ သိမ်းပိုက်ရေး ရည်မှန်းချက်တွေကို အမေရိကန်က လုံးဝ လုံးဝ အသိအမှတ် မပြုကြောင်း ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း အရှေ့ဖျား စစ်မြေပြင်မှာ ရလဒ်ဆိုးတွေ ကြုံတွေ့လာပြီး စစ်သည်အင်အား ပြုန်းတီးမှုလည်း များလာတဲ့အတွက် အငြင်းပွားစရာ အမိန့်မျိုး ထုတ်ပြန်ပြီး အရန်တပ်တွေကို စစ်မြေပြင်ပို့ဖို့ စီစဉ်လာရပါတယ်။ ဒီအခြေအနေက ရုရှားမှာတောင် ကန့်ကွက်မှုတွေ ပြင်းထန်လာစေတဲ့အတွက် ပူတင်ဟာ အမျိုးသားရေး ဝါဒီကို စည်းရုံးဖို့အတွက် နယ်မြေသိမ်းယူကြောင်း ကြေညာတာကို တခမ်းတနား လုပ်ပြဖို့ စီစဉ်လာတာ ဖြစ်နိုင်ပါတယ်။

ပူတင်ကတော့ အမြဲတမ်း တပ်ဖွဲ့ဝင် မဟုတ်တဲ့ လူငယ်လူရွယ်တွေကို စစ်ထဲဆွဲသွင်းမယ့် သူ့ရဲ့ အမိန့်ကို ကာကွယ်ပြောကြားခဲ့သလို ယူကရိန်းအပေါ် ဆင်နွှဲတဲ့ စစ်ပွဲကလည်း ကျူးကျော်မှု ရည်ရွယ်ချက် မပါဘူးလို့ တွင်တွင် ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။