Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့ ယူကရိန်း ဆုံးဖြတ်

ရုရှားကို ဒရုန်းတွေ ထောက်ပံ့ခြင်းကြောင့် အီရန်ဟာ ယူကရိန်းနဲ့ သံတမန်ရေး ဆက်ဆံမှုမှာ အကြီးအကျယ် ထိခိုက်သွားရပြီ ဆိုတာကို နားလည်ဖို့လိုကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့ ယူကရိန်း ဆုံးဖြတ်
ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့ ယူကရိန်း ဆုံးဖြတ်

ရုရှားအတွက် တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ပေးနေတာကြောင့် အီရန်နဲ့ သံတမန် ဆက်ဆံရေးကို လျှော့ချသွားမယ်လို့ ယူကရိန်း အစိုးရက ကြေညာလိုက်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အီရန် အစိုးရဟာ ရုရှားအတွက် ယူကရိန်း စစ်မြေပြင်မှာ အသုံးပြုဖို့ တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့ပါတယ်။ အီရန်ရဲ့ လုပ်ရပ်ဟာ မကောင်းဆိုးဝါးနဲ့ ပူးပေါင်းခဲ့တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။

လက်ရှိ အချိန်ထိ ယူကရိန်း စစ်တပ်တွေဟာ အီရန်လုပ် ဒရုန်း ၈ စီးထိ စစ်မြေပြင်မှာ ပစ်ချထားနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းနဲ့ အမေရိကန်တို့က အီရန်ဟာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပေမယ့် အီရန် အစိုးရကတော့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။

“လက်ရှိ အခြေအနေမှာ ရုရှားစစ်တပ်ဟာ ယူကရိန်းကို တိုက်ဖို့အတွက် အီရန်ရဲ့ ဒရုန်းတွေကို အသုံးပြုနေပါပြီ။ အီရန်ဟာ မကောင်းဆိုးဝါးနဲ့ ပူးပေါင်းနေတယ် ဆိုတာကို ကမ္ဘာကြီးကလည်း နားလည် သိရှိနေပါပြီ။ ဒီအတွက် ဖြစ်သင့်တဲ့ အကျိုးဆက်တွေကိုလည်း အီရန်က လက်ခံရပါလိမ့်မယ်”လို့ ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း တောင်ပိုင်း ရှေ့တန်း စစ်မျက်နှာပြင်မှာ ရှိနေတဲ့ စစ်ဦးစီး အရာရှိတွေက အီရန်လုပ် Shahed-136 အမျိုးအစား ဒရုန်း ၄ စီးထက် မနည်းကို ပစ်ချခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပိုကြီးတဲ့ Mohajer-6 အမျိုးအစား အီရန် ဒရုန်း တစ်စီးကိုလည်း ယူကရိန်း လေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။

ရုရှားကို ဒရုန်းတွေ ထောက်ပံ့ခြင်းကြောင့် အီရန်ဟာ ယူကရိန်းနဲ့ သံတမန်ရေး ဆက်ဆံမှုမှာ အကြီးအကျယ် ထိခိုက်သွားရပြီ ဆိုတာကို နားလည်ဖို့လိုကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံတကာ စစ်ရေး သုတေသီတွေကတော့ ရုရှားတွေဟာ အီရန်က မှာယူထားတဲ့ ဒရုန်းတွေကို တိုက်ခိုက်ရေး အတွက်ရော၊ ထောက်လှမ်းရေး ကဏ္ဍမှာပါ အသုံးပြုနေနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။