Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် ပျော်ဘွယ်ရွာမှ စစ်ကောင်စီခန့်အုပ်ကြီးအပါအဝင်ပြည်သူ ၂၀ခန့်ကို စစ်ကောင်စီတ​ပ် ဖမ်းဆီး

ဖမ်းဆီး‌ခေါ်ဆောင်သွားခြင်း ခံရသူများအတွက် မိသားစုဝင်များက ထမင်း၊အဝတ်အစားပို့ရန် တပ်နှင့်ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း စုံစမ်း၍မရသေးကြောင်း ​ဒေသခံများက ပြောသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)

▪️အဆက်အသွယ်ပြတ်တောက်နေဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ နှစ်ကြိမ်တိုင် ပစ်ခတ်ခံရပြီး သေနတ်များပါသိမ်းဆည်းခံခဲ့ရသည့် စစ်ကောင်စီတပ်တပ်စွဲရာ ပျော်ဘွယ်စံပြအုပ်စုကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါ အဝင် ဒေသခံပြည်သူ၂၀ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် စစ်သားများ ထွက်ပြေးသွား၍ ၎င်းတို့၏သေနတ် ၇ လက်ကို PDFအဖွဲ့က သိမ်းဆည်းသွားခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် စံပြကျေးရွာမှ အိမ်ထောင် ဦးစီးများ၊အိမ်ထောင်ဦးစီးမရှိလျှင် ဇနီးဖြစ်သူနှင့် တောလုပ်လုပ်သူများကို ကျေးရွာ စာသင်ကျောင်းအတွင်း၌ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာ၂ ရက် တွင် ၎င်းရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ၂၀ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီး‌ခေါ်ဆောင်သွားခြင်း ခံရသူများအတွက် မိသားစုဝင်များက ထမင်း၊အဝတ်အစားပို့ရန် တပ်နှင့်ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း စုံစမ်း၍မရသေးကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စာသင်ကျောင်းအတွင်း ဖမ်းဆီးစစ်ဆေးခဲ့စဥ်ကလည်း အသက်မပြည့်သူများနှင့် အမျိုးသမီးများပါဝင်ခဲ့ပြီး အမျိုးသမီးများကို ရိုက်နှက်စစ်ဆေးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကျောင်းထဲစစ်တုန်းက အစစ်ခံခဲ့ရတဲ့ အမျိုးသမီးများမှာ ပက်လက်လှန်မအိပ်နိုင်အောင်ပင် တင်ပါး၊ကျောများမှာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပါတယ်။တက်တူးထိုးထားသူတစ်ဦးကိုလည်း တက်တူးထိုးထားသည့်နေရာကို ဓားနဲ့လှီးခြစ်တာ၊မီးစနဲ့ထိုးတာတွေ လုပ်ခဲ့ပါတယ်။ နှိပ်စက်ခဲ့တဲ့ စခတပ်က တပ်မ၃၃ကလို့ ပြောဆိုခဲ့ကြပါတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ပျော်ဘွယ်စံပြကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်သည် ယခင်ကလည်းတစ်ကြိမ်လာရောက်ပစ်ခတ်ခံရဖူးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

Facebook