Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် – မြတ်ရှင်မော်လမ်းပိုင်းကို ညပိုင်းအသုံးမပြုကြရန် ထားဝယ်(ပ.က.ဖ) အသိပေး

အဆိုပါ လမ်းပိုင်းအား ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ည ၈နာရီမှ နံနက် ၃နာရီအတွင်း အသုံးမပြုကြရန် ပြည်သူများ အသိပေးမေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်။

ထားဝယ် - မြတ်ရှင်မော်လမ်းပိုင်းကို ညပိုင်းအသုံးမပြုကြရန် ထားဝယ်(ပ.က.ဖ) အသိပေး
ထားဝယ် - မြတ်ရှင်မော်လမ်းပိုင်းကို ညပိုင်းအသုံးမပြုကြရန် ထားဝယ်(ပ.က.ဖ) အသိပေး

ထားဝယ် – မြတ်ရှင်မော်လမ်းပိုင်းကို ည ၈နာရီမှ နံနက် ၃ နာရီအတွင်း အသုံးမပြုကြရန် ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(DDT)က ယနေ့(အောက်တိုဘာ ၅)အသိပေးလိုက်သည်။

အဆိုပါ လမ်းပိုင်းအား ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ည ၈နာရီမှ နံနက် ၃နာရီအတွင်း အသုံးမပြုကြရန် ပြည်သူများ အသိပေးမေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်။

အလားတူ ထားဝယ် – မြတ်ရှင်မော်လမ်းပိုင်းကို နေ့ခင်းဘက်အသုံးပြုသော ခရီးသွားပြည်သူများအနေဖြင့်လည်း ကားမှန်များချ၍ မောင်းနှင်ရန်၊ အရှိန်လျှော့မောင်းကြရန်နှင့် တင်ဆောင်လာသော ကုန်ပစ္စည်းများကို အဝေးမှမြက်သာစေရန် စီစဥ်ထားရှိရန် စသည့်အချက်များအား လိုက်နာကြရန် တိုက်တွန်းထားသည်။

Public Service Announcement
Public Service Announcement

“တော်လှန်ရေးအဖွဲ့စည်းတွေရဲ့ အသိပေးမှုကို လေးစားသမှုဖြင့် လိုက်နာပေးပါလို့ တောင်းဆိုချင်ပါတယ်ခင် ဗျာ”ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(DDT)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် သတိပေးချက်အား ပြည်သူများလိုက်နာမည်ဟု ယုံကြည်ပြီး လိုက်နာခြင်းမရှိ၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ပျက်ကွက်သူ၏တာဝန်သာဖြစ်ကြောင်း DDT က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။