Connect with us

Hi, what are you looking for?

သတင်း

မြိတ် ထားဝယ်လမ်းမှာ စစ်ကားယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ စစ်ကားသုံးစီးသည် တိုက်ခိုက်ခံရသည့်နေရာတွင်ထိုးရပ်ပြီး တစ်စီးမှာပြင်းထန်စွာထိခိုက်ခဲ့ပြီး တပို့ရွာတွင်ရပ်နားကျန်ခဲ့ကာ အခြားစစ်ကားသုံးစီးကတော့ ပုလောမြို့ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

မြိတ် ထားဝယ်လမ်းမှာ စစ်ကားယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်
မြိတ် ထားဝယ်လမ်းမှာ စစ်ကားယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မြိတ်မှ ထားဝယ်ဘက်သို့မောင်းနှင်လာသော စစ်တပ်ယာဉ်တန်းများအား ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)နှင့် ပုလောမြို့နယ်(ပကဖ)အဖွဲ့တစ်ခုဖြစ်သည့် အရိပ်အဖွဲ့ရဲဘော်များက တပို့ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးမှာ ပြင်းထန်စွာထိခိုက်ခဲ့သည်ဟု ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)မှ ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ(၂၆)ရက် နံနက်ပိုင်းက မြိတ်ခရိုင်၊ ပုလောမြို့နယ် တပို့ရွာအနီးတွင် မြိတ်မှ ထားဝယ်သို့မောင်းနှင်လာသည့် စစ်ကောင်စီစစ်ကား လေးစီးကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ စစ်ကားသုံးစီးသည် တိုက်ခိုက်ခံရသည့်နေရာတွင်ထိုးရပ်ပြီး တစ်စီးမှာပြင်းထန်စွာထိခိုက်ခဲ့ပြီး တပို့ရွာတွင်ရပ်နားကျန်ခဲ့ကာ အခြားစစ်ကားသုံးစီးကတော့ ပုလောမြို့ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများအား မြိတ်ဘက်မှလူနာတင်ယာဉ်တစ်စီးဖြင့် လာရောက်သယ်ယူသွားခဲ့ကြောင်း ထိုတိုက်ခိုက်မှုတွင် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိပဲ အောင်မြင်စွပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရပါသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့က လူ ၃ဦးသေဆုံးတဲ့ စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်မှုမှာ ဆီသို‌လှောင်ကန်တွေကို မြေပြင်ပေါ်မှာ ထားရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ဆောင်မှုအပေါ် ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။