Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဇာတ်အဖွဲ့ယာဥ်နှင့် ကုန်တင်ယာဥ်တိုက်မိပြီး လူသေဆုံးမှုရှိ

​မြဝတီ – ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၅ရက်)ညနေ ၄နာရီခန့်က ယာဥ်တိုက်မှုဖြစ်ခဲ့သည်။

ဓာတ်ပုံ - ပုလဲဖြူ၊ Cj
ဓာတ်ပုံ - ပုလဲဖြူ၊ Cj

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဇာတ်အဖွဲ့ယာဥ်နှင့် ကုန်တင်ယာဥ်တိုက်မိပြီး သေဆုံးဒဏ်ရာရသူများပြားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

​မြဝတီ – ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်းအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၅ရက်)ညနေ ၄နာရီခန့်က ယာဥ်တိုက်မှုဖြစ်ခဲ့သည်။

“အာရှလမ်းကွမ်းသီးတောအဆင်း ဇာတ်ပွဲကား တိမ်းမှောက်။ ထိခိုက်ဒဏ်ရာ၊ သေဆုံးလူနာ များပြား”ဟု ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားသည်။

တိမ်းမှောက်သည့် ယာဥ်သည် မော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ဖြစ်သည်။ သေဆုံးသူနှင့်ဒဏ်ရာရသူအရေအတွက်ကို မသိရသေးပေ။ လူမှုကူညီရေးအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။