Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ကမ်းနားလမ်းက စစ်ကောင်စီဖျော်ဖြေရေးမဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်

“ထိခိုက်မှုတော့ မရှိပါဘူးခင်ဗျာ။ ဖျော်ဖြေရေး မဏ္ဍပ်တော့ အမိုးနဲ့ ကြမ်းခင်းတွေ ပေါက်ထွက်ကုန်တယ်”ဟု Guerrilla Dawei မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲမြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကိုအကြောင်းပြပြီး ပျော်ပွဲ၊ရွှင်ပွဲပြုလုပ်မည့် ထားဝယ်ကမ်းနားလမ်း သဲကွင်းအနီး ဆောက်လုပ်ထားသည့် စစ်ကောင်စီဖျော်ဖြေရေးမဏ္ဍပ်ကို သတိပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Dawei ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ယနေ့(အောက်တိုဘာ ၆)ညနေ ၅ နာရီကျော်က ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် ပျော်ပွဲ၊ရွှင်ပွဲထည့်သွင်းမည့် စစ်ကောင်စီဖျော်ဖြေရေးမဏ္ဍပ်အား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကြမ်းခင်းနှင့် အမိုးများထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း GD ပြောက်ကျားတပ်က ပြောသည်။

“ထိခိုက်မှုတော့ မရှိပါဘူးခင်ဗျာ။ ဖျော်ဖြေရေး မဏ္ဍပ်တော့ အမိုးနဲ့ ကြမ်းခင်းတွေ ပေါက်ထွက်ကုန်တယ်”ဟု Guerrilla Dawei မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီက လူထုအား ဒိုင်းကာသဖွယ်အသုံးပြုပြီး ပျော်ပွဲ၊ရွှင်ပွဲပြုလုပ်မည်းအပေါ် ပြည်သူများ မပါဝင်ကြရန်နှင့် စစ်ကောင်စီအားပံ့ပိုးနေသူများအား သတိပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတော်လှန်ရေးရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များတွင် စစ်ကောင်စီက ကျင်းပရန်စီစဥ်ထားရာ တစ်နိုင်ငံလုံး စစ်အုပ်စုကြောင့် ဒုက္ခရောက်နေချိန် စစ်ကောင်စီပြုလုပ်သည့် ပျော်ပွဲ၊ရွှင်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် ထားဝယ်တော်လှန်ရေးအက်အားစုများက သတိပေးထားသည်။

အထက်ပါ စစ်ကောင်စီ ဖျော်ဖြေရေးမဏ္ဍပ် ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ကင်းချထားသော စစ်ကောင်စီတပ်များက သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။