Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်ပြည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ငြင်းဆိုခဲ့သည့် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာအဆက်ဆက်ကြောင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးသည်လည်း ဆိတ်သုဉ်းသွားပြီဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

တစ်နှစ်ပြည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့
တစ်နှစ်ပြည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့

စစ်အာဏာရှင်စနစ် တော်လှန်တိုက်ပွဲဝင်ပြီး အမျိုးသားလွတ်မြောက်ရေးနှင့် မြန်မာပြည်သူများ၏ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခြင်းသည် မြင့်မြတ်သောလုပ်ရပ်ဖြစ်သည်ဟု မိမိတို့ယုံကြည်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းမှ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ ယနေ့ အောက်တိုဘာလ(၆)ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့လိုက်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ငြင်းဆိုခဲ့သည့် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာအဆက်ဆက်ကြောင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးသည်လည်း ဆိတ်သုဉ်းသွားပြီဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံးအခြေခံဥပဒေရှိနေသမျှ ကာလပတ်လုံး တိုင်းရင်းသားလူမျိုးများသည် စစ်ကျွန်စနစ်အောက်တွင် ဆက်လက်ဖိနှိပ်ခြင်း ခံနေရမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်ကာ အမျိုးလွတ်မြောက်ရေးနှင့် မြန်မာပြည်သူများ၏ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခြင်းသည် မြင့်မြတ်သောလုပ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာတွင်ပါရှိသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းမှ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နှင့် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ခုခံစစ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ (၁)နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် တနင်္သာရီအမျိုးသားများပြည်နယ်အတွင်းရှိ လူငယ်များနှင့် ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအောင်မြင်ပါစေကြောင်း မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းမှ သဝဏ်လွှာပေးပို့ပြီး ဆုမွန်ကောင်းတောင်းအပ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။