မေး – ကိုဗစ်ဖြစ်ပြီး အသည်းနည်းနည်းရောင်တာ စိုးရိမ်ရပါသလား။
ဖြေ – အဲတော့ အသဲရောင်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိသွားပါသလဲ။ အဓိက Lever Function တွေစစ်လို့ သိသွားတာလားပေါ့နော်။ အဲတော့ ကိုဗစ်က လူ့ခန္ဓာကိုမှာ အကုန်လုံးကို ဒုက္ခပေးပါတယ်။ ကလီဇာအားလုံးကို ဒုက္ခပေးပါတယ်။
အဲတော့ကျတော့ အသားများဝါနေလား။ သွေးဖောက်လိုက်လို့များ သိတာလားပေါ့။ အဓိကကတော့ အာထြာဆောင်းရိုက်ရပါမယ်။ ပြီးလို့ရှိရင် Lever Function ကိုစစ်ဆေးရပါမယ်။ ပြီးလို့ရှိရင် မှန်မှန်စစ်ပြီးတော့ စောင့်ကြည့်ရပါမယ်။ ကောင်းသွားတာလား မကောင်းဘူးလား ပေါ့နော်။ ကောင်းမသွားဘူးဆိုရင်တော့ အသဲအထူးကုဆရာဝန်နဲ့ ပြရပါမယ်။
မေး – ကိုဗစ်ဖြစ်ပြီး သွေးပေါင်တွေကျရင် ဘာလုပ်ရပါမလဲ။

Public Service Announcement
ဖြေ – ကိုဗစ်ဖြစ်လို့ရှိရင် တချို့က ဝမ်းသွားပြီးတော့ ရေတွေ ကိုယ်ခန္ဓာကနေပြီး ထွက်သွားလို့ သွေးပေါင်ကျတာ ဖြစ်နိုင်ပါတယ်။
အချို့ကြတော့လည်း ကိုဗစ်ဖြစ်တုန်းမှာ အရမ်းကိုချွေးတွေထွက်ပြီးတော့ ရေတွေခမ်းခြောက်ပြီး ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။
အဲတော့ကျတော့ အဓိကက ဒီလူနာက Antihypertensive လို့ခေါ်တဲ့ သွေးပေါင်ကျတေးများ သောက်နေသလားပေါ့။ သွေးပေါင်ကျဆေး မသောက်လို့ရှိရင်တော့ ကိစ္စမရှိဘူး။ သောက်လို့ရှိရင်တော့ ဖြတ်ရပါမယ်။ မသောက်ထားတဲ့ လူမမာဆိုရင်တော့ ရေများများသောက်ပါ။ အကယ်၍ လိုအပ်ရင် ဓာတ်ဆားရေသောက်ရပါမယ်။ ပြီးရင် အောက်ဆီဂျင်တိုင်းဖို့ မမေ့ပါနဲ့။
မေး – ချွေးထွက်အရမ်းများနေတာမျိုးက ဘယ်အချိန်လောက်မှ ပျောက်နိုင်ပါသလဲ။
ဖြေ – သူက ချွေးအရမ်းထွက်တယ်ဆိုတာမျိုးက ကိုယ်ခန္ဓာထဲမှာ Virus တွေအများကြီးပွားလို့ ထွက်တဲ့ဟာပေါ့နော် ပထမတစ်ပတ် ဆိုရင်။ ဒုတိယတစ်ဆိုလို့ရှိရင်တော့ ကိုယ်ခန္ဓာကနေ Virus ကိုပြန်တိုက်ရတဲ့အတွက်ကြောင့် ထွက်တာပါ။
အဲတော့ ကျတော့ သူ့ဟာနဲ့သူ အချိန်တန်ရင် ပျောက် သွားပါလိမ့်မယ်။

မေး – Anti Body Test Kit စစ်ကြည့်လို့ အဖြေသုံးချောင်းပေါ်ရင် တခြားသူကို ကူးနိုင်ပါသေးသလား။
ဖြေ – အခြားသူကို ကူးနိုင်မကူးနိုင်ဆိုတာ Antigin Negative ဖြစ်မှ ရပါတယ်။ Antibody ဆိုသည်မှာ သူများကို ကူးနိုင်မကူးနိုင်ဆိုတာကို ပြောတာမဟုတ်ပါဘူး။
ကိုယ့်ခန္ဓကိုယ်ထဲ့ကနေပြီးတော့ Virus ကိုပြန်တိုက်ဖို့အတွက် ကိုယ်ခံအားတွေကောင်းပြီး Defence ပေါ့နော် ကာကွယ်ဖို့အတွက် လက်နက်ခဲယမ်းမီးကျောက် ထုတ်ပြီးပြီလားလို့ ပြောတဲ့ Test ပါ။ သူများကို ကူးတာမကူးတာနဲ့ မဆိုင်ပါဘူး။
အဲတော့ Antibody ဆိုသည်မှာ တစ်ကယ်တမ်းက မိမိကိုယ်မိမိ စိုးရိမ်လွန်လို့ စိတ်ဝင်စားလို့ လုပ်တဲ့ Test ပါ။ အဲဒီ Test ကိုလုပ်ခြင်းအားဖြင့် နောက်ပြန်ဖြစ်မဖြစ်ကိုလည်း မသိရပါဘူး။ သူများကိုကူးမကူးလည်း မသိရပါဘူး။ အဓိကက Antigin Test Kit ကသာလျှင် အဓိကပါ။
မေး – ကိုဗစ်သက်သာပျောက်ကင်းပြီး နောက်ဆက်တွဲ သွေးပျစ်မပျစ်ဆိုတာ ဘယ်လိုသိနိုင်ပါသလဲ။
ဖြေ – အဓိကကတော့ ရောဂါလက္ခဏာတွေ မရှိတော့ဘူး။ အောက်ဆီဂျင်လည်း ကောင်းပြီ။ ပုံမှန် လှုပ်ရှားနိုင်ပြီဆိုရင်တော့ သူ့ဘာသူသွေးက ကောင်းသွားမှာပါ။
အဲဒီ သွေးပျစ်တဲ့သူတွေက ဘယ်သူတွေမှာ ဖြစ်တာလည်းဆိုလို့ရှိရင် အိပ်ယာထဲမှာ အကြာကြီးလဲနေတဲ့သူတွေ အောက်ဆီဂျင်တွေ အများကြီးလိုတဲ့လူတွေ ဆိုရင်တော့ သွေးခဲဖို့ကြောက်ရပါတယ်။ သက်သာပျောက်ကင်းပြီးတော့ ဘာမှမဖြစ်ဘူးဆိုရင်တော့ (သွေးပျစ်)ဘာမှ မဖြစ်နိုင်တော့ပါဘူး။
မေး – ကိုဗစ်ဖြစ်ပြီး တစ်လကျော်လောက်ဆိုရင် နောက်ထပ်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်နိုင်ပါသလား။
ဖြေ – တစ်လကျော်ပြီးရင် ပြန်ဖြစ်တာတော့ နည်းနည်းရှားတယ် ခင်ဗျ။ ချက်ချင်းပြန်ဖြစ်တာက တခြားဗစ်တီးရီးယား Infection အခြား Virus ဝင်တာလားမသိဘူးပေါ့နော်။
ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်ဖြစ်ပြီးပြီးချင်း သုံးလအတွင်းမှာ ပြန်ဖြစ်တဲ့နှုန်းက အရမ်းနည်းပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ခန္ဓာအတွင်းမှာ Antibody ထွက်ပြီးတော့ ကိုယ်က Virus ကိုပြန်တိုက်နိုင်တဲ့အခြေအနေမို့ပါ။ အဲတော့ (တစ်လကျော်အတွင်း)ကိုဗစ်ပြန်ဖြစ်ဖို့ Change နည်းတယ်လို့ပဲ ပြောပါရစေ။
Source – NUG (ကိုဗစ် ၁၉ ဗဟုသု တစင်တာ)


















































