Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်ကောင်စီက ပုလဲမြေသြဇာသယ်ယူခွင့်မပြု၍ တောင်သူများအခက်တွေ့နေ

စစ်ကောင်စီတပ်သည် ဆယ်မိုင်လမ်းခွဲအပြင် လက်ဆည် ‌ရဲစခန်း မြောက်ဘက်နား ဂုဏ်ကုန်း၊ ကဇွန်းမ အရှေ့ဘက် ပုသိမ် – မုံရွာလမ်းဆုံ စသည့်နေရာများတွင်လည်း စစ်ဆေးလေ့ရှိကြောင်း ဆိပ်ဖြူနယ်ခံများက ပြောသည်။

ဆိပ်ဖြူမြို့အဝင်တွင် စစ်ဆေးရေးပြုလုပ်နေသည်ကို တွေ့ရစဥ်(ပုံအဟောင်း)၊ဓာတ်ပုံ-Cj
ဆိပ်ဖြူမြို့အဝင်တွင် စစ်ဆေးရေးပြုလုပ်နေသည်ကို တွေ့ရစဥ်(ပုံအဟောင်း)၊ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ပုလဲမြေသြဇာအား သယ်ယူခွင့်မပြုဘဲ သိမ်းယူနေ၍ တောင်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်လမ်းခွဲတွင် စစ်ကောင်စီတပ်က စစ်​ဆေးရေးဂိတ်ဖွင့်၍ မှတ်ပုံတင်စစ်ဆေးခြင်း၊ မီးခြစ်၊ ဓာတ်ခဲ၊ ဝါယာကြိုးတို့အပြင် ပုလဲမြေသြဇာတို့ကို တွေ့ရှိပါက ဖမ်းဆီးသိမ်းယူနေကြောင်း ဒေသခံများက ပြောသည်။

“(၁၀)မိုင်လမ်းခွဲက စခတွေဟာ တောင်သူတွေကို ပုလဲမြေဩဇာ လုံးဝသယ်ယူခွင့် မပြုတဲ့အတွက် တောင်သူတွေမှာ အခက်တွေ့နေကြပါတယ်။ စိုက်ပျိုးသီးနှံတွေမှာ ပုလဲမြေဩဇာဟာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။စိုက်ပျိုးသီးနှံများကို ပုလဲမြေဩဇာ မကျွေးရပါက သေချာပေါက် အထွက်လျော့မှာ ဖြစ်ပါတယ်။”ဟု We Love Seik Phyu အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆီပေပါများကိုလည်း စစ်ဆေးခြင်း၊ ဆန်အိတ်များကိုလည်း ဓါးဖြင့်ထိုးခွဲကာ စစ်ဆေးလေ့ရှိကြောင်း၊ ထိုသို့စစ်ဆေးနေသည်မှာ နှစ်လကျော်ပြီဖြစ်၍ တောင်သူများအခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဖောက်ခွဲအတွက် ပုလဲကအသုံးဝင်လို့ လို့ပြောတယ်။ ဘတ္ထရီအိုးမသယ်ရဘူး။ ဝါယာကအစ။ တခြားလမ်းက သယ်ဖို့ကခက်မှာ။ အဲ့ဘက်ကရွာတွေကအဲ့ဒီလမ်းပဲရှိတာမို့။ အခက်အခဲ ရှိတာတော့အမှန်ပဲ။ အဲ့လိုလမ်းမှာ‌ စစ်‌နေတာတော့ကြာပြီ။”ဟု ဆိပ်ဖြူဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဆယ်မိုင်လမ်းခွဲအပြင် လက်ဆည် ‌ရဲစခန်း မြောက်ဘက်နား ဂုဏ်ကုန်း၊ ကဇွန်းမ အရှေ့ဘက် ပုသိမ် – မုံရွာလမ်းဆုံ စသည့်နေရာများတွင်လည်း စစ်ဆေးလေ့ရှိကြောင်း ဆိပ်ဖြူနယ်ခံများက ပြောသည်။

ဆိပ်ဖြူမြို့နယ်သည် မကွေးတိုင်း၊ ပေါက်၊ မြိုင်၊ ပခုက္ကူနယ်များနှင့်ထိစပ်လျက်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ကြုံတွေ့နေရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။