Connect with us

Hi, what are you looking for?

သတင်း

ပြည်သူကိုဗုံးကျဲတိုက်ခိုက်​နေ​သောရန်ကုန်အ​ခြေစိုက်​လေယာဥ်​မောင်းများစာရင်းကို Operation Spitfireထုတ်ပြန်

စစ်​ကောင်စီတပ်သည်မြေပြင်တိုက်ပွဲများတွင်အထိ့နာပါက တိုက်​လေယာဥ်များ၊ရဟတ်ယာဥ်များဖြင့် ပြည်သူများကိုပါမ​ရှောင် ဗုံးကျဲခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများကို နိုင်ငံတစ်ဝန်းပြုလုပ်​နေသည်။

စစ်​ကောင်စီတိုက်​လေယာဥ်တစ်စီး ။ ဓါတ်ပုံ-CJ
စစ်​ကောင်စီတိုက်​လေယာဥ်တစ်စီး ။ ဓါတ်ပုံ-CJ

ပြည်သူများကိုဗုံးကျဲသတ်ဖြတ်နေကြသည့်ရန်ကုန်အခြေစိုက်စစ်ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်​မောင်း(ပိုင်းလော့) ၁၄ဦးစာရင်းကိုOperation Spitfireကအောက်တိုဘာ၁၄ ရက် တွင် ထုတ်ပြန်သည်။

Operation Spitfire သည် လေ​ကြောင်းမှ ပစ် ခတ်တိုက်ခိုက်​နေ​သော အကြမ်းဖက်စစ်​ကောင် စီ၏ ​လေတပ်မှ ​လေယာဥ်​မောင်းအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်​နေသူများ၏ အမည်နှင့်အချက်အလက်များကို စုံစမ်း​ထောက်လှမ်း၍ထုတ်ပြန်​ပေး​နေ​​သော အဖွဲ့ဖြစ်သည်။

စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်ပြီးပြည်သူကို စာနာမှု မရှိ သတ်ဖြတ်ဗုံးကျဲနေသော စစ်ကောင်စီ လေတပ် (ရန်ကုန်)မှ ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်မောင်းသူ ပိုင်းလော့ များသည် ဗိုလ်ကြီး အဆင့် ရှိသူများဖြစ်ပြီး ၎င်းတို့၏ နေရပ်လိပ်စာနှင့် ကိုယ်ပိုင်အမှတ်များကိုOperation Spitfireအတိအကျဖော်ပြထားသည်။

ဗိုလ်ကြီးညီညီနိုင်၊ ဗိုလ်ကြီးဖေခိုင်ဟိန်း၊ ဗိုလ်ကြီးအောင်သူဖြိုး၊ ဗိုလ်ကြီးဝေယံလွင်၊ ဗိုလ်ကြီးစောရန်နောင်၊ ဗိုလ်ကြီးကောင်းကျော်ဇင်၊ ဗိုလ်ကြီးကျော်စွာအောင်၊ဗိုလ်ကြီးအောင်မြင့်မြတ် ၊ ဗိုလ်ကြီးသော်ဇင်စိုး၊ ဗိုလ်ကြီးတင့်ထွန်းအောင်၊ ဗိုလ်ကြီးစိုင်းရန်အောင်၊ ဗိုလ်ကြီးဇေယျာမင်းဗိုလ်ကြီးကျော်နိုင်ထွန်း၊ ဗိုလ်ကြီးသိန်းမြတ်ဇော်တို့ဖြစ်​ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုထုတ်ပြန်ချက်မတိုင်မီ အောက်တိုဘာ ၈ ရက်ကလည်း ရန်ကုန်အခြေစိုက် စစ်ကောင်စီပိုင်းလော့ ၁၅ ဦးအမည်စာရင်းကို Operation Spitfire ထုတ်ပြန်ထားခဲ့​​သေးသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ နှစ်ဦး၊ ဗိုလ်ကြီးအဆင့် ရှစ်ဦး နှင့် ဗိုလ်အဆင့် ငါးဦး ပါရှိခဲ့သည်။

၎င်းတို့မှာဗိုလ်မျိုးလွင် ၊ ဒုဗိုလ်မှူးကြီး ကျော်ကျော်ထွန်း ၊ဒုဗိုလ်မှူးကြီး ထက်နောင်တင့် ၊ ဗိုလ်စိုးလွင်၊ဗိုလ်ထွန်းထွန်းဦး ၊ ဗိုလ်ထင်အောင်၊ဗိုလ်ဝင်းနုဝေ၊ဗိုလ်ကြီးကျော်သီဟ ၊ ဗိုလ်ကြီးရဲသွေး ၊ဗိုလ်ကြီးဘုန်းခန့်ကျော်၊ဗိုလ်ကြီးကိုကိုလွင်၊ ဗိုလ်ကြီးဇော်လတ် ၊ ဗိုလ်ကြီး ဇော်ဇော်အောင် ၊ဗိုလ်ကြီးကျော်ဇောဟိန်း ၊ဗိုလ်ကြီး နိုင်ညီညီထွန်း တို့ဖြစ်သည်။

ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းရွာမှစာသင်​ကျောင်းကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှပစ်ခတ်တိုက်ခိုက်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ
ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းရွာမှစာသင်​ကျောင်းကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှပစ်ခတ်တိုက်ခိုက်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ

စစ်​ကောင်စီတပ်သည်မြေပြင်တိုက်ပွဲများတွင်အထိ့နာပါက တိုက်​လေယာဥ်များ၊ရဟတ်ယာဥ်များဖြင့် ပြည်သူများကိုပါမ​ရှောင် ဗုံးကျဲခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများကို နိုင်ငံတစ်ဝန်းပြုလုပ်​နေသည်။

ထို့အပြင် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်း တိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာ စာ သင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၁၃ ဦး သေဆုံးခဲ့ရသည်။

ယခုအခါစစ်​ကောင်စီလေတပ်ကစစ်ဆင်ရေးဇုံအဖြစ်မှော်ဘီ​လေတပ်၊ တံတားဦး ​လေတပ်၊တောင်ငူ​လေတပ် တို့ကိုအဓိကအသုံးပြု​နေ​ကြောင်း ​စစ်တပ်သတင်းရင်းမြစ်အချို့က​ပြောသည်။ မြစ်ကြီးနား​လေတပ် ကိုမူအရံအဖြစ်ထား​ကြောင်းသိ့ရသည်။

ထိုအပြင် စစ်​ကောင်စီတပ်က ယခင်တိုက်ပွဲများတွင်အထိနာပါက​လေတပ်ကလိုက်ကူ​​သောဗျူဟာ မှ ယခုအခါ PDFစခန်း၊PDF ရှိသည်သတင်းရပါက ​လေ​ကြောင်းတိုက်ခိုက်မှုသုံး​စေ​သောဗျူဟာ​ မကြာ​သေးခင်ကပြောင်းလဲထား​ကြောင်းစစ်တပ်အတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

“ပြီး​တော့တပ်ထဲမှာ NUG က ငှက်ကင်မယ်ဆိုတဲ့လက်နက် တကယ်မရှိဘူးလို့ ​လေယာဥ်​မောင်း​တွေကို​ပြောထားတယ် ။ pilot တွေလည်း ယုံတဝက် မယုံတဝက်နဲ့။ အကင်ခံရ​စေချင်တာ” ဟု တပ်အတွင်းသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Facebook