Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းတွင် လူနှစ်ဦးသေဆုံးစေခဲ့သည့် တိုက်ပြေးယာဥ်မှာ ဘုန်းကြီးကားဖြစ်နေ၊ ယင်းကားအားတွေ့ရှိပါက အကြောင်းကြားပေးရန် မုံရွာ (ပလဖ) မေတ္တာရပ်ခံ

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်နေကြသည်။

တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာပလဖ
တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာပလဖ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက် ပြေးယာဥ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ရာ အဆိုပါတိုက် ပြေးသည့်ကားမှာ ဘုန်းကြီးကားဖြစ်နေပြီး ထိုကားအားတွေ့ရှိပါက အကြောင်းကြားပေးရန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံသည်။

တိုက်သည့်ယာဥ်နံပါတ်မှာ 4G/9881 ဖြစ်ပြီး ယာဥ်မှတ်ပုံတင်Application၌ TOYOTA HILUX VIGO အမျိုးအစားဟု ဖော်ပြထားသည်။ ယာဥ်ပိုင်ဆိုင်သူမှာ ဘဒ္ဒန္တ ဂန္ဓမာလာ ဖြစ်ပြီး လိပ်စာမှာ မဟာကုသိုလ်တော်ဘုန်းကြီးကျောင်းဟု ရေးသွင်းထားသည်။

တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာပလဖ
တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာပလဖ

“ဒီကားဟာ မနက်ကမြေနဲမှာ လူ၂ယောက်ကိုတိုက်ပြီးထွက်ပြေးသွားတဲ့ကားပါ။ အတိုက်ခံရတဲ့လူ၂ယောက်ဟာလည်း နေရာမှာတင်သေဆုံးသွားတယ်လို့သိရပါတယ်။ တာဝန်ယူမှုမရှိဘဲ ထွက်​ပြေးသွားတဲ့ကားဟာ မန်းလိုင်စင်နဲ့လို့သိရပါတယ်။ ဘုန်းကြီးကားလို့လည်းသိရပါတယ်။ တွေ့တဲ့နေရာမှာအကြောင်းကြားပေးကြပါ။ လက်ခံပြုပြင်ပေးတဲ့ဝပ်ရှော့များရှိပါကအကြောင်းကြားပေးကြပါ။”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်။

ထို့အပြင် ပြည်သူများ ထိုကားကိုတွေ့သည့်နေရာ၌ အကြောင်းကြားပေးကြပါရန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“မနက်၈နာရီခွဲလောက်က နတ်လူထိပ်ပန်ကနေ စက်မှု့ဘက်တတ်သွားပါတယ်။ ကားရှေ့ခေါင်းကြီးပိန်လိမ်လို့ပါ နောက်မှာဘုန်းကြီးတစ်ပါးနဲ့မိန်းမတစ်ယောက်ထိုင်လိုက်သွားပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာပလဖ
တိုက်ပြီးနောက် မောင်းပြေးသွားသည့် ဘုန်းကြီးကားအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာပလဖ

အဆိုပါ 4W အမျိုးအစား အနက်ရောင်ယာဥ်သည် ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာ၊ မြေနဲရွာတံတားအနီး နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် အမျိုးသားနှစ်ဦးစီးလာသော Clickဆိုင်ကယ်အား တိုက်ပြီး ခဏရပ်ကြည့်ကာ မုံရွာဘက်သို့မောင်းသွားကြောင်း ဒေသခံများက ပြောသည်။

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။