Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်ရှိ ဝန်ထမ်း ၃၅ဦး အလင်းဝင်လာဟု မြို့နယ်(ပအဖ) အသိပေး

အကြမ်းဖက်စစ်ကောင်စီ ယန္တရားကို အားပေး ထောက်ခံသည့် မည်သည့်လုပ်ရပ်ကိုမဆိုတွေ့ရှိပါက ထိရောက်သောအရေးယူမှုများပြုလုပ်သွားမည်ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်ရှိ ဝန်ထမ်း ၃၅ဦး အလင်းဝင်လာဟု မြို့နယ်(ပအဖ) အသိပေး
ဖယ်ခုံမြို့နယ်ရှိ ဝန်ထမ်း ၃၅ဦး အလင်းဝင်လာဟု မြို့နယ်(ပအဖ) အသိပေး

တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက် အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမရှိသည့် ဝန်ထမ်း ၃၅ဦး အလင်းဝင်လာကြောင်းဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၁ ရက်) ထုတ်ပြန်သည်။

Non CDM ဝန်ထမ်းများ ရာထူးတာဝန်များမှ နှုတ်ထွက် အလင်းဝင်ကြရန် ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ PK PDF တပ်ရင်း (၁)၊ PK PDF တပ်ရင်း (၂)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂)၊ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်ရင်း (၃) နှင့် တပ်ရင်း (၁၁)တို့က သတိပေးခဲ့ခြင်းဖြစ်သည်။

“ဇွန်လနောက်ဆုံးထားပြီး သတ်ိပေးခဲ့တာပေါ့။အခု ကျွန်တော်တို့ဆီ ခံဝန်နဲ့ ထပ်ဝင်လာတဲ့ ဝန်ထမ်းတွေထဲမှာ ပြည်ထဲရေးနဲ့ ပညာရေးဌာနက များတယ်”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ ယန္တရားကို အားပေး ထောက်ခံသည့် မည်သည့်လုပ်ရပ်ကိုမဆိုတွေ့ရှိပါက ထိရောက်သောအရေးယူမှုများပြုလုပ်သွားမည်ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသည့် ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်မှာ CDM ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။