Connect with us

Hi, what are you looking for?

သတင်း

ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မည်မဟုတ်၊ စစ်ကောင်စီကို နိုင်ငံရေးအရအသိအမှတ်မပြုဟု ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ထပ်လောင်းအသိပေး

ကရင်နီအမျိုးသားခုခံတော်လှန်ရေး၌ ပါဝင်လာကြသည့် ရဲဘော်များ၏ တာဝန်သည်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းရမည့်အပြင် ပြည်သူလူထုကိုလည်း ကာကွယ်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကရင်နီတပ်မတော်​၏ (၇၄)ကြိမ်မြောက် စစ်သင်တန်းပိတ်ပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ - KA
ကရင်နီတပ်မတော်​၏ (၇၄)ကြိမ်မြောက် စစ်သင်တန်းပိတ်ပွဲပြုလုပ်နေစဉ်၊ဓာတ်ပုံ - KA

▪️စစ်ရှောင်ပြည်သူများ အမြန်ဆုံးအိမ်ပြန်နိုင် ရေး တော်လှန်ရေးအမြန်ပြီးမြောက်အောင် ကြိုးပမ်းကြရန်မှာကြား

ကရင်နီအမျိုးသားတွေအနေနဲ့ စစ်ကောင်စီ၏ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်မည်မဟုတ်သကဲ့သို့ စစ်ကောင်စီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ကရင်နီပြည်တပ်မတော်(KA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ထပ်မံအသိပေး ပြောကြားလိုက်သည်။

ကရင်နီပြည်တပ်မတော် အခြေခံစစ်သင်တန်း အပတ်စဉ် (၇၄)သင်တန်းဆင်းပွဲကို ယနေ့ အောက်တိုဘာ ၂၂ရက်၌ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP) ထိန်းချုပ်ရာ ညမိုဒေသ၌ ပြုလုပ်ခဲ့ရာ ကရင်နီပြည်တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးပြောကြားသည့် မိန့်ခွန်းကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်အာဏာကို မတရား လုယူသိမ်းပိုက်ထားသည့် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ပြည်သူတစ်ရပ်လုံး၏ ဆန့်ကျင်တော်လှန်မှုကို အဘက်ဘက်ကနေ ခံနေရသည့် အပြင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်တိုက်ခိုက်မှုကိုလည်း ခံနေရကြောင်း၊ ထို့ပြင် ပြည်တွင်း ပြည်ပ နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။

“ဒါကြောင့်မို့လို့ အာဏာသိမ်း စစ်အာဏာရှင် အဆက်ဆက် လုပ်ခဲ့တဲ့အတိုင်း စစ်ကောင်စီဟာလည်း မရိုးသားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလုပ်တယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို နိုင်ငံရေး ထွက်ပေါက် အဖြစ် အသုံးချပြီးတော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကိုဖိတ်ခေါ်နေပါတယ်။ ကျွန်တော်တို့ ကရင်နီအမျိုးသားတွေ အနေနဲ့ကတော့ စစ်ကောင်စီရဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်ရောက်မှာ မဟုတ်ဘူး။ စစ်ကောင်စီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူတစ်ရပ်လုံးနဲ့ ကျနော်တို့ ကရင်နီပြည်တော်မတော်ဟာ အမြဲတမ်းရပ်တည်ပါမယ်”ဟု ဗိုလ်ချုပ်ဘီထူးက ပြောကြား သည်။

Public Service Announcement

Public Service Announcement

ကရင်နီအမျိုးသားခုခံတော်လှန်ရေး၌ ပါဝင်လာကြသည့် ရဲဘော်များ၏ တာဝန်သည်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းရမည့်အပြင် ပြည်သူလူထုကိုလည်း ကာကွယ်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဘာကြောင့်လဲဆိုတော့ ကရင်နီပြည်တပ်မတော် ဟာ ပြည်သူလူထုကနေ ပေါက်ဖွားလာတာဖြစ်လို့ပဲ ဖြစ်တယ်။အခုဆိုရင် ကရင်နီ ပြည်နယ် တစ်ဝှမ်းမှာ စစ်ကောင်စီတွေရဲ့ ထိုးစစ်ကြောင့် လူဦးရေ သုံးသိန်းကျော်ပဲရှိတဲ့ ကရင်နီ ပြည်နယ်မှာ လူဦးရေ တစ်သိန်းခွဲကျော်ဟာ စစ်ရှောင်နေရပါတယ်။ ဒါ့အပြင် ဖယ်ခုံမြို့နယ်က ကရင်နီပြည်သူ ငါးသောင်းကျော်ဟာလည်း စစ်ရှောင်နေရပါတယ်။ ဒုက္ခမျိုးစုံနဲ့ တောတောင်ထဲတွေမှာ နေကြရတယ်။ ဒါကြောင့်မလို့ ကရင်နီပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ပြည်သူတွေ အမြန်ဆုံး အိမ်ပြန်နိုင်ဖို့ အတွက် တော်လှန်ရေးကို အမြန်ပြီးမြောက်အောင်မြင်အောင် ရဲဘော်တို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

အာဏာရှင်စနစ်ကို အမြစ်တ်ပြတ် ချေမှုန်းနိုင်ရေးအတွက် ကရင်နီတမျိုးသားလုံးညီညွတ်ရန် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီက ကျွန်တော်တို့ ကရင်နီအမျိုးသားတွေကို နည်းမျိုးစုံနဲ့ သပ်လျှိုသွေးခွဲနေပါတယ်။ ဒီလို သွေးခွဲမှုတွေကို ကျနော်တို့ ကရင်နီ အမျိုးသားတွေက သတိကြီးကြီးထားပြီး ရန်သူရဲ့ လှည့်ကွက်ထဲ မဝင်မိဖို့ လိုအပ်ပါတယ်။ သူတို့က သွေးခွဲတိုင်း ကျနော်တို့ သွေးမကွဲဘဲ ညီညီညွတ် ညွတ်နဲ့ လက်တွဲဆောင်ရွက်မှသာလျင် ကျနော်တို့ရဲ့ တော်လှန်ရေးကအောင်မြင်နိုင်မှာ ဖြစ်ပါတယ်”ဟုလည်း ဗိုလ်ချုပ်ဘီထူးက အသိပေးသည်။

ခိုင်မာသည့် တော်လှန်ရေး စိတ်ဓာတ်များ၊ရပ်တည် ချက်များအပေါ် အခြေခံပြီး ပြည်သူတစ်ရပ် လုံးနှင့် အတူ လက်တွဲဆောင်ရွက်ပါက တော်လှန်ရေးဧကန်မုချ အောင်မြင်လိမ့်မည်ဟုလည်း ကရင်နီပြည်တပ်မတော်စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

ကရင်နီတပ်မတော်(KA)အနေဖြင့် ၂၀၂၁ မေလမှစ၍ အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိတိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်မည့် လူငယ်များအပါအဝင် ပြည်သူလူထုများကို စစ်ပညာသင်ပေးခြင်း၊ ကရင်နီဒေသကာကွယ်ရေးတပ်များကို စစ်ရေးအရ ဦးဆောင်ပေးခြင်း၊ ဒေသတွင်း ကာကွယ်ရေးတပ်များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသကဲ့သို့ ကရင်နီတပ်မတော်ကို ဦးဆောင်မှုပေးနေသည့် KNPP အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဝင်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။