Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီတပ် ညအချိန် အိမ်စီးကားကို ဝိုင်းပစ်လို့ ယာဉ်မောင်းသေဆုံး

စစ်ကောင်စီတပ်ဟာ ကားတွေကို တားဆီးစစ်ဆေးချိန် လမ်းသွားလမ်းလာတွေကို လာရာလမ်းအတိုင်းပြန်လှည့်ကြဖို့ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ညအချိန် မှောင်ရိပ်ကိုအားပြုပြီး မန္တလေးမှာ စစ်ဆေးပုံ
စစ်ကောင်စီတပ်ညအချိန် မှောင်ရိပ်ကိုအားပြုပြီး မန္တလေးမှာ စစ်ဆေးပုံ

မန္တလေးမြို့ပေါ်မှာ မနေ့ကညပိုင်းက စစ်ကောင်စီတပ် တားဆီးစစ်ဆေးချိန် မရပ်ပေးလို့ဆို့ကာ အိမ်စီးကားတစ်စီးကို ဝိုင်းပစ်ခတ်တာကြောင့် ယာဉ်မောင်းအမျိုးသား ၁ ဦးသေဆုံးခဲ့ရပါတယ်။

မနေ့က ညပိုင်း ၁၀ နာရီခန့်က ချမ်းအေးသာစံမြို့နယ်. ၇၃ လမ်း ၊ ၃၅ လမ်းထောင့် မှာ မီးပွိုင့်ကို မီးဖြတ်ပြီး ကားတွေကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးခဲ့တယ်လို့ဒေသခံအချို့က ပြောပြပါတယ်။

ဒီလို စစ်ဆေးချိန်မှာ ဖြတ်သန်းမောင်းသွားတဲ့ကားကို စစ်ကောင်စီတပ်သားတွေ ဝိုင်းပစ်တာကြောင့် ယာဉ်မောင်း သေဆုံးခဲ့ရတာပါ။

ပစ်ခတ်ခံရတဲ့ ကားဟာ လမ်းဘေးယာဉ်ထိန်းရုံးကို ဝင်တိုက်ပြီး ရပ်တန့်သွားတယ်လို့ မျက်မြင်တွေ့လိုက်ရသူ ၁ ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မီးပွိုင့်မှာ အမှောင်ချပြီး စစ်နေတာ ရုတ်တရက်ဆိုတော့ ကားသမားက မမြင်ဘူး” လို့အခင်းဖြစ်စဉ်ကိုတွေ့လိုက်ရသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကားတွေကို တားဆီးစစ်ဆေးချိန် လမ်းသွားလမ်းလာတွေကို လာရာလမ်းအတိုင်းပြန်လှည့်ကြဖို့ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီလော်လီတွေကတော့ စစ်တပ်က စစ်ဆေးချိန် Crown အမျိုးအစား အိမ်စီးကားဟာ မရပ်တန့်ဘဲ မောင်းပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ရာမှာ လမ်းဘေးယာဉ်ထိန်း နားနေဆောင်ကို ဝင်တိုက်ပြီး ယာဉ်မောင်းသေသွားတာလို့ သတင်းဖြန့်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook