Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးခဲ့သည့် ဗိုလ်အောင်မြေအတွက် သွေးကြွေး ဆပ်သည့်အနေဖြင့် အောင်မြေစစ်ဆင်ရေး မန္တလေးမြို့အနှံ့ပြုလုပ်မည်

အောင်မြေစစ်ဆင်ရေးကို စက်တင်ဘာ ၂၄ ရက်မှ စတင်ပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးပြီးချိန်အထိ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။

ကျဆုံးခဲ့သည့် ဗိုလ်အောင်မြေအတွက် သွေးကြွေး ဆပ်သည့်အနေဖြင့် အောင်မြေစစ်ဆင်ရေး မန္တလေးမြို့အနှံ့ပြုလုပ်မည်
ကျဆုံးခဲ့သည့် ဗိုလ်အောင်မြေအတွက် သွေးကြွေး ဆပ်သည့်အနေဖြင့် အောင်မြေစစ်ဆင်ရေး မန္တလေးမြို့အနှံ့ပြုလုပ်မည်

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကျဆုံးခဲ့သည့် ဗိုလ်အောင်မြေအတွက် သွေးကြွေး ဆပ်သည့်အနေဖြင့် အောင်မြေစစ်ဆင်ရေးကို မန္တလေးမြို့အနှံ့၌ပြုလုပ်မည်ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာများကို ရှောင်ရှားရန် Anonymous Force Mandalay အဖွဲ့ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောကြားသည်။

” သူနဲ့က ညီအစ်ကိုလိုဆက်ဆံရေးရှိတာရော သူ့စိတ်ဓာတ်ကိုရော လေးစားလို့ဗျ။ သူ့မှာတော်လှန်စိတ်အပြည့်ရှိတယ်။ သူနဲ့က တော်လှန်ရေးအရှိန်မြှင့်တင်ဖို့တိုင်ပင်ပြီးမှ ကျသွားတော့ ကျန်တဲ့တာဝန်တွေကို ကျွန်တော်ကပဲ ဆက်ကြိုးစားရမှာမို့ဗျ။သူမကျခင်ကတည်းက ကတိပေးထားတယ်။ သူမိရင်လည်း မဖော်ဖို့ ၊ကျွန်တော်မိရင်လည်း မဖော်ဖို့ ။ကျွန်တော်ကျရင်လည်း သူလက်စားချေမှာဖြစ်သလို သူကျသွားရင် ကျွန်တော်လက်စားချေဖို့ကတိပြုထားတယ်ဗျ “ဟု ဗိုလ်တိုက်ဂါးကပြောသည်။

အောင်မြေစစ်ဆင်ရေးကို စက်တင်ဘာ ၂၄ ရက်မှ စတင်ပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးပြီးချိန်အထိ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။

အောင်မြေစစ်ဆင်ရေး၏ ပထမဆုံးပွဲကို စက်တင်ဘာ ၂၄ ရက်က ၅၅×၁၃၃ စံပြလမ်းထောင့်ရှိ (ဇ)ရုံးအတွင်း လက်ပစ်ပုံးပစ်၍ တိုက်ခိုက်ခဲ့ရာ Error ဖြစ်၍ မပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“Mission အတွက် လိုအပ်တဲ့ စရိတ်တွေ အရမ်းနည်းနေလို့ ကူညီပေးဖို့လည်း အထူးတောင်းဆိုချင်ပါတယ်” ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

Myanmar Revolution Rangers Force (MRRF) အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေကို ဩဂုတ် ၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။