Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ ကုန်းသာစစ်ဘေးရှောင်စခန်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံး

ယမန်နေ့ည ၉ နာရီခန့်က မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂)တပ်မှ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကလေးငယ်အပါအဝင် ဒဏ်ရာရရှိသူများလည်းရှိ

လွိုင်ကော်မြို့ ကုန်းသာကျေးရွာစစ်ဘေးရှောင်စခန်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ (အောက်တိုဘာ ၂၄ ရက်)ထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီခန့်က မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂)တပ်မှ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

သေဆုံးခဲ့သူမှာ အသက်(၃၅)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့ရောက်တော့ အမျိုးသားကတော့ ဆုံးနှင့်ပြီ၊ အမျိုးသမီးမှာတော့ ခေါင်းကို လက်နက်ကြီးစ ထိထားတဲ့ ဒဏ်ရာနဲ့၊ ဒဏ်ရာကတော်တော်ပြင်းတယ်၊ ပြီးတော့ (၈)နှစ်အရွယ် ကလေးမှာလည်း ပေါင်ကို ရှပ်ထိဒဏ်ရာရထားတယ်၊ ၆ လအရွယ် ကလေးတယောက်လည်းရှိတယ်။သူကတော့ မထိခိုက်မိထားဘူး “ဟု ကွန်ရက်တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အရပ်သား ၅ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူ ၆၅ ဦးအထိရှိကြောင်းလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။