Connect with us

Hi, what are you looking for?

သတင်း

ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုပြော

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU
ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယမန်နေ့ (ဇူလိုင် ၁၇ ရက်) နေ့လည် ၁နာရီခန့်တွင်ကစ၍ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု – KRU က မိုင်းရှင်းရေး၊ နယ်မြေရှင်းလင်း ရေးလုပ်နေစဥ် စစ်ကောင်စီတပ်မှ ၇၉ ကျည်၊ (၆၀)မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် မိနစ် ၃၀ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU
ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ – KRU

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိနိုင်ပြီး သေဆုံးမှုများရှိနိုင်ပြီး KRU ဘက် မှရဲဘော်များ တစုံတရာ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း အသိပေးသည်။

ထိုနေ့ ညအချိန်တွင်လည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု – KRU ၏ နင်းမိုင်းများကို စစ်ကောင်စီတပ်သားများ နင်းဖြတ်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံးသုံးဦး ထိခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်၊ ဓာတ်ပုံ - KRU

ထို့အပြင် ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၁၀ နာရီတွင် ကုန်းသာ၌ တပ်စွဲနေသော စစ်ကောင်စီ တပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တပ်ဖွဲ့များ မိနစ်၃၀ခန့်ကြာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီမှထိခိုက်မှုများပြားခဲ့ပြီး KRU တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook